9(Unicode)
81 13 2
'Jun........'
သူရင်ခွင်ထဲတိုးဝင်ကာ လွတ်ထွက်မတက်
တင်းကျပ်စွာဖက်ထားသော Junအား ခေါ်
ကာ မျက်နှာချင်းဆိုင်ရန်ကြိုးစားပါသော်လည်း
အရာမထင်.....။
ပခုံးနားလောက်က စိုစွတ်မှုကြောင့် Junငို
နေပြီဆိုတဲ့အသိက သူ့အားနာကျင်စေသည်။
'Junရယ်...မငိုပါနဲ့ကွာ...နော်......
ကိုယ်ဒီလိုမရည်ရွယ်ပါဘူး....Jun...ကိုယ့်ကို
ကြည့်ပါအုံး.... ရှင်းပြမယ်လေကွာ.....'
သူ့စကားအား Junက ခေါင်းသာခါပြီး ခုထိ
မျက်နှာမမော့်သေး.....။
Yixingရယ်...မင်းလုပ်တဲ့အဖြစ်က Junကို
ငိုစေမိပြီ...။ ကောင်းရော.....
'နောက်....အင့်....နောက်တစ်ခါ ငါ့ကို
မပစ်ထားခဲ့ဘူးလို့ဂတိပေး.....အင့် ....ငါ...
ငါ....ဘယ်လိုပုံစံမျိုးနဲ့ရှင်သန်ခဲ့ရလဲ....သိလား..
အင့်....လူယုတ်မာကြီးရဲ့....အင့်....အယုတ်..ဟင့်
....တမာကြီး.......အီးဟီး......'
ခေါင်းမော့်လာကာ သူ့ရင်ဘတ်အား Jun
လက်သီးဆုတ်လေးဖြင့် တဘုန်းဘုန်းထုပြီး
အပြစ်တင်နေသောကြောင့် သူရီလိုက်မိသည်။
မျက်ခွံတွေနှင့် နှာခေါင်းလေးကနီရဲကာ ပါးပြင်မှ
မျက်ရည်တွေအားခပ်ကြမ်းကြမ်းပွတ်သုတ်ထား
သောကြောင့် ပါးပြင်နှစ်ဖက်လည်း ရဲနေလေရဲ့..။
ခုလိုသူ့အားအပြစ်တင်နေပုံထောက် Junက
ပုံမှန်အခြေအနေပြန်ဖြစ်သွားပြီထင်ပ....။
'မတွေ့တာကြာလို့ အရမ်းချစ်စရာကောင်းလာတယ် Jun....အသက်ကနောက်ပြန်ဆုတ်
လာသလားအောက်မေ့ရတယ်....Hak!'
'ရီတယ်ပေါ့....ငါမှာတော့ သေမတက်ငို
နေတာကို မင်းကရီတယ်ပေါ့လေ....'
ပွစိပွစိပြောနေသော Junအား သူ့ရင်ခွင်ထဲ
တင်းကျပ်ကာဆွဲဖက်လိုက်တော့ အသံသေးသေး
လေးထွက်လာကာ ငြိမ်နေလေသည်။
'အဖိုးကြီးကျနေတာဘဲကွာ......'
'ဟွန့်......ချစ်တယ်.....Xing.....'
ခပ်တိုးတိုးထွက်လာသောအသံနှင့်အတူ ရင်ဘတ်
တစ်နေရာအား ဖိကပ်လာသောနုတ်ခမ်းသေးသေးလေး.....။
ထူးထူးဆန်းဆန်းပြောလာသောစကားကြောင့်
သူအံ့သြမှုနှင့်အတူ ပြုံးလိုက်ကာ ပါးပြင်ဘေး
ဘက်နားရွက်နားအား ခပ်ဖွဖွနမ်းလိုက်ပြီး...