4(Unicode)
76 15 0
'ငါ့သားသေရတာမင်းကြောင့်....ငါ့သားလေး...
Yixingလေး......'
သူ့ရင်ဘက်ကိုတစ်ဖုန်းဖုန်းထုကာပြောနေသော
Xing၏အမေအား သူတုန့်ပြန်ရန်စကားမရှိ။
ဝင်လာသူရောထွက်သွားတဲ့သူတွေရော အနက်ရောင်ဝတ်စုံတွေနှင့်...။ သူကိုယ်တိုင်ကပါ
အနက်ရောင်ဝတ်စုံဝတ်ထားရပြီး ဝမ်းနည်းခြင်း
ဂုဏ်ကိုဆောင်နေရသည်။
သို့သော်လည်း Junမငိုနိုင်။ မနေ့ကတည်းက
တစ်ညလုံးမအိပ်ဘဲငူငူငိုင်ငိုင်ကြးီထိုင်နေခဲ့ပြီး
နောက်တစ်နေ့မှာ Yixing မိသားစုတွေလာမှ
အတည်ပြုရသည်။
Yixingသူ့ကိုထားခဲ့သည်တဲ့လား...။ ခုထိ
သူမယုံကြည်နိုင်သေး။ ပေါက်ကွဲမှုဖြစ်ကာ ပင်
လယ်ထဲဆင်းသွားသော ယာဉ်ကြောင့် ကယ်ဆယ်ရေးတွေရှာကြည့်ပေမဲ့ အားလုံးကိုရှာမရ
သေးပေမဲ့ အသက်ရှင်ကျန်သူမရှိဟုအဆိုကြောင့်
သူအရုပ်ကြိုးပျက်လဲကျခဲ့ရသေးသည်။
စာပေအသိုင်းအဝိုင်းနှင့် Yixingတို့အသိုင်း
အဝိုင်းမှ လူများကစိတ်မကောင်းဖြစ်ကြ ငိုကြနှင့်
သို့သော် Junကတော့ ခုထိမျက်ရည်တစ်စက်တောင်မထွက်နိုင်။
'hyung.. ..ငိုချင်ငိုလိုက်ပါ....တင်းမခံထား
ပါနဲ့...ငိုချလိုက်...သက်သာသွားလိမ့်မယ်...'
သူ့ပုံစံကို sehunက ယူကြိုးမရပုံစံဖြင့် ကျောပြင်
ကိုခပ်ဖွဖွပုတ်ကာ ပြောသောလည်း သူမငိုချင်ပါ။
'ငါမငိုချင်ဘူး....တင်းခံထားတာမဟုတ်ဘူး...
Sehun na...ငါတကယ်မငိုချင်တာ....'
'hyung ရယ်...'
'ခုတိသေဆုံးသူအရေအတွက်ကို အတိအကျမှမပြောနိုင်သေးတာ....Xingသေသွားတာလို့မပြော
နိုင်သေးဘူးလေ....သူပြန်လာမှာပါ....ထွက်သွားတယ်ဆိုတာမဖြစ်နိုင်ဘူး...ဟုတ်တယ်..
စောင့်ကြည့်ရမယ်....သူသေချာပေါက်ပြန်လာမှာ....'
Junပုံစံကိုကြည်ကာ ခုနကJunကိုအပြစ်တင်
ကာငိုနေသော Yixing အမေမှာ ပို၍ဝမ်းနည်း
လာပြန်သည်။ သူတို့သဘောမတူသည့်ကြားက
ပင်ဆန်းကျင်ကာယူခဲ့ကြသော သားနှစ်ယောက်
မှာ ခုသားအရင်းကသေပြီး Junကလည်း
ပုံမှန်မဟုတ်သလိုဖြစ်နေသည်လေ....။
[အင်ချွန်းကနေ တိုကျိုသွားတဲ့လမ်းမှာ ပင်လယ်ရှိလားမရှိလား သေချာမသိပါ😁Just For Fic]