Zawgyi
"Hyung အိပ်ချင်ယောင်ဆောင်နေတာ
ကျတော် သိတယ်နော်
ထပါ Hyungရယ် ဆေးသောက်မှရောဂါက
ပျောက်မှာလေ"တကယ်ပါ Hyungကို ဆေးတိုက်ရတာ
မူကြိုကလေး ဆေးတိုက်ရတာထက်ကို
ပိုဆိုးတယ် ။ ချော့လဲမရ ခြောက်လဲမရနဲ့ ။
ကြာရင် လူလဲရူးလိမ့်မယ်။
ဒါကြောင့်ဦးလေးParkက ကျတော့်ကို
အဆင်ပြေပါ့မလားဆိုပြီး ထပ်ခါထပ်ခါ
မေးနေခြင်း ဖြစ်ရမည်။
ကလေးနည်းနဲ့ ချော့မရတော့လဲ
လူကြီးနည်း သုံးရတော့တာပေါ့။ဖောင်းနေတဲ့ ပါးလေးနှစ်ဖက်ကို ဆွဲညှစ်တော့
အနည်းငယ် ပွင့်ဟလာသော နှုတ်ခမ်းအစုံ။
သောက်ရမည့် အကိုက်အခဲပျောက်ဆေးကို
ပါးစပ်ထဲ ထည့်ပေးလိုက်တော့
ပြူးကျယ်ဝိုင်းစက်လာသော မျက်လုံးလေးများ။
ပါးစပ်ထဲတွင် အသင့်ငုံထားသောရေကို
နှုတ်ခမ်းချင်းတေ့ကာ ကူးပြောင်းစေတော့
အအံ့သြလွန်ပြီး မမျိုချနိုင်သေးသဖြင့်
နုအိနေသော နှုတ်ခမ်းလုံးလုံးလေးကို
ဖွဖွလေးနမ်းလိုက်ကာမှ ယောင်ယမ်းကာ
မျိုချပစ်တော့သည်။လွှတ်ပေးသင့်ပြီမှန်း သိပေမဲ့
မရပ်တန့်နိုင်သော နှုတ်ခမ်းပါးတို့က အစိုးမရ။
Hyungရဲ့ နှုတ်ခမ်းအိအိလေးကို
ထိလိုက်မိချိန်တွင် အကြိမ်ကြိမ်ထိန်းထားခဲ့
သော အသိဥာဏ်တို့က အထိန်းအကွပ်မဲ့
သွားသယောင် ။ သွယ်လျလျလက်ချောင်းလေး
တို့ဖြင့် ရင်ဘက်ကိုမရဲတရဲ ထုလိုက်တော့မှ
လွတ်ထွက်သွားသော နှလုံးသားကို
ဦးနှောက်က အမိဖမ်းနိုင်ခဲ့တော့သည်။"မင်း...မင်း ဘာလုပ်တာလဲJungkook!!"
"ဆေးတိုက်တာလေ"
ရင်ဘက်ကြီးတခုလုံးမှာ ကုလားဘုရားပွဲ
လှည့်နေသည့်အလား တဒုန်းဒုန်း တဒိုင်းဒိုင်း။
ဒါဟာ ကျတော့်ရဲ့ ပထမဦးဆုံးသော အနမ်း။
သူကတော့ ဘာမှမဖြစ်ခဲ့သည့်အတိုင်းကို
အမူအရာ ပျက်ခြင်းမရှိ။ ပထမဆုံးအနမ်း
ပိုင်ရှင်ဟာ ညီအရင်းခေါက်ခေါက်ကြီးဆိုတဲ့
အမှန်တရားကို ဝမ်းသာရမှာလား??
ဒေါသဖြစ်ရမှာလား?? တောင်းပန်ပါတယ်
Jungkookရယ်...Hyungရဲ့ နှလုံးသားကို
မင်းရှေ့မှောက် ခစားအောင် ကျေးဇူးပြုပြီး
မဖန်တီးပါနဲ့လား။
YOU ARE READING
The Truth Untold °k•v✓
Fanfiction"ငါ့ညီတယောက်လုံးပျက်စီးနေတာကို ငါဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား Jungkook" "ခင်ဗျားမှားနေပြီ Taehyung...ခင်ဗျားကို ကျတော် ဘယ်တုန်းကမှ အစ်ကိုလို့ မသတ်မှတ်ခဲ့ဘူး "