Zawgyi
ဝါဖျော့ဖျော့ရွက်ဟောင်းလေးတွေက
တလူလူတလွင့်လွင့်။
တဖြူးဖြူးသင်းပျံချီတဲ့ လေပြေအေးကြောင့်
ခပ်လွလွဝေ့ဝဲနေတဲ့ရွှေအိုရောင်ဆံပင်လေးများ။
သိပ်လှတယ် Hyungရယ်။
မပြုံးမရယ်ဘဲခက်ထန်ထန်မျက်နှာထားနဲ့တောင်
ဘာကြောင့်ဒီလောက်များ
ဆွဲဆောင်မှုရှိနေရတာလဲလို့ မေးချင်မိတယ်။
မျှော်ခဲ့ဖူးတာပေါ့ ဒီလိုနေ့မျိုးလေးကို။
ရောက်လာခဲ့ပြီလေ...သို့သော်သူမပျော်ခဲ့ပါ။
ဆည်းလည်းလေးတွေ လှုပ်လီလှုပ်လဲ့ကြားက
ရှက်ပြုံးလေးပြုံးပြနေရမယ့် Hyung...
လက်တွေ့မှာတော့ အရာရာဟာ
အထင်နဲ့အမြင်လွဲခဲ့ပြီHyungရယ်။"ကျေနပ်ပြီလား J u n g k o o k"
ဘယ်လိုမေးရက်ရတာလဲHyungရယ်။
ကိုယ်ချစ်ရသူရဲ့မင်္ဂလာပွဲကို
လက်ခုပ်သြဘာတီးဖို့ရောက်လာရတဲ့
ကျတော့်ကို Hyungဒီမေးခွန်း
မေးရက်စရာလား Hyungရယ်။"အဆင်ပြေပါစေ Hyung"
ရင်ဘတ်ကြီးတစ်ခုလုံးစုတ်ပြတ်သတ်
နေတာတောင် မင်းအချစ်ကိုငါမျှော်နေမိသေး
တယ် Jungkook။
မင်းမရှိတော့တဲ့ ငါ့ဘဝကိုအဆင်ပြေ
မယ်လို့ မင်းထင်နေတာလား။
မျက်ရည်တွေလဲကုန်ပြီထင်ပါရဲ့နော်။
ယောက်ျားတန်မဲ့မင်းကြောင့်ကျခဲရတဲ့
မျက်ရည်တွေကိုငါကျေနပ်နေမိတယ်ဆိုရင်
မင်းကတော့ငါ့ကိုကောင်းကောင်းကြီး
လှောင်ပြောင်နေမလားပဲနော်။"Hyung သွားရအောင်လေ
Mr.Kimခေါ်နေပြီ""အင်း လာမယ်Jihoon..."
ထွက်မသွားပါနဲ့လို့တားချင်နေမိတဲ့
လက်တစ်စုံ။
ချစ်တယ်လို့ပြောမထွက်ခဲ့တဲ့
နှုတ်ခမ်းပါးပါး။
နာကျင်တာကိုဟန်ဆောင်နိုင်လွန်းတဲ့
နီဆွေးဆွေးနှလုံးသား။
မထားခဲ့ပါနဲ့ Hyungရယ်။
ချစ်လွန်းလို့ရွေးချယ်ခဲ့ပေမဲ့ ဘယ်လိုမှ
မခံစားနိုင်တော့တာကို ဘာကြောင့်ဆက်ပြီး
လျစ်လျူ ရှုချင်နေရတာလဲ ဘုရားသခင်ရယ်။"နင့်ဆန္ဒတွေပြည့်သွားပြီပေါ့..."
"ငါ့မှာပြောစရာစကားမရှိဘူး Lee Soyoon"
"ငါ့မှာတော့ရှိတယ် Jungkook"
"ငါနားမထောင်....
YOU ARE READING
The Truth Untold °k•v✓
Fanfiction"ငါ့ညီတယောက်လုံးပျက်စီးနေတာကို ငါဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား Jungkook" "ခင်ဗျားမှားနေပြီ Taehyung...ခင်ဗျားကို ကျတော် ဘယ်တုန်းကမှ အစ်ကိုလို့ မသတ်မှတ်ခဲ့ဘူး "