Episode.14

4.3K 519 68
                                    

Zawgyi

မင်းမှမင်း ဖြစ်နေခဲ့တဲ့
ငါ့နှလုံးသားက ခဏခဏသတိပေးနေတယ်
Jeon...ငါမင်းကိုချစ်နေတုန်းပဲတဲ့..,
မင်းကငါ့အတွက်တော့
ဆေးပေးခန်းကအရက်ပျံနဲ့ ခပ်ဆင်ဆင်
ထင်ပါရဲ့....။

ဒဏ်ရာမှန်သမျှ ကုစားပေးတဲ့ Jeon...။
မစမ်းကြည့်မိစေနဲ့လို့ Warning အထပ်ထပ်
ပေးထားရက်နဲ့ လက်တည့်စမ်းတဲ့အခါ
ခံစားရတဲ့အကျိုးရလဒ်က
'Poisonous 'တဲ့။
တစ်ခုပဲ Jeon...။
ငါမင်းအပေါ်ချည်နှောင်မိတဲ့
သံယောဇဉ်ကြိုးတွေက အရက်ပျံလိုတော့
အငွေ့ပျံမလွယ်ဘူးတဲ့လေ!

"Hyung..."

"ပြောလေ Jihoon..."

"နက်ဖြန်Hyungမွေးနေ့နော်...။ Hyung
လိုချင်တာရှိလား? ကျတော်လဲစဉ်းစားရင်း
စဉ်းစားရင်းနဲ့အကြံကမထွက်တော့ဘူး...
ဟီးဟီး..."

ပင်ပန်းတယ် Hyung...။
ဘယ်လောက် ငိုချင်ငိုချင်
ထွေးပွေ့ပေးမဲ့ ရင်ခွင်နွေးနွေးတခု
မရှိခဲ့တဲ့ ကျတော်...,
ဘယ်လောက် ဝမ်းနည်းဝမ်းနည်း
ပြုံးပြရုံကလွဲပြီး ကျန်တာဘာတခုမှ
မတတ်နိုင်တဲ့ ကျတော်...,
အဲ့တာ အချစ်တဲ့လား Hyungရယ်။

"ကိုယ့်အတွက်က Jihoon ဘေးမှာရှိနေတာပဲ။
ဘာလိုတော့မှာတဲ့တုန်း..."

လိမ်ပြန်ပြီ Taehyung!
ဒီကောင်လေးကို သိမ်းပိုက်ထားတဲ့
မင်းရဲ့အလိမ်အညာစကားတွေ,,
ဒီကောင်လေးကို ဖမ်းဆုပ်ထားတဲ့
မင်းရဲ့ အပြုံးတွေ,,
ရပ်တန်းကရပ်ပါတော့လား Taehyung!

"Hyungကတော့နောက်ပြီ...ကျတော်Hyung
ကြိုက်မယ်ထင်တဲ့လက်ဆောင်လေးတော့
စီစဉ်ထားတယ်"

"တကယ်? ဘာများပါလိမ့်?"

"Supriseပေါ့ Hyungရာ...ဟီး"

အရာရာပြည့်စုံနေပြီထင်နေရတဲ့
Taehyungဘဝမှာ ကတိုက်ကရိုက်
ဝင်ရောက်လာခဲ့ဖူးတဲ့ Jeonဟာ
ဟိုခြစ်ဒီခြစ်နဲ့ဆေးပေါင်းစုံရောပြွန်းထားတဲ့
အညတရပန်းချီကားတစ်ချပ်ဖြစ်ခဲ့ပေမဲ့
သူလိုပြခန်းမှူးတယောက်အတွက်တော့
"Masterpiece"ဆိုတဲ့
ဂန္တဝင် လက်ရာကိုပိုင်ဆိုင်ခဲ့သူ
ဖြစ်ဲ့ပြန်ပါရောတဲ့လား...။

🔹🔹🔹 The Truth Untold 🔹🔹🔹

နက်ဖြန် သူရင်နှစ်သည်းချာမြတ်နိုးရသူရဲ့
မွေးနေ့...။ အချိန်တန်ပြီမလား Tae?
သူဘာကြောင့် Taeကိုထားသွား
ခဲ့သလဲဆိုတဲ့ အကြောင်းပြချက်?
သူဘာလို့ Taeဆီပြန်လာရတယ်
ဆိုတဲ့ အကြောင်းပြချက်?

The Truth Untold °k•v✓Where stories live. Discover now