Episode.12

4.7K 587 29
                                    

Zawgyi

လူရှုပ်ဆူညံတတ်တဲ့နေရာအများစုကို
Taehyungမကြိုက်ပါ။
တစ်ယောက်တည်းနေရတာကို
သဘောကျမိသလို
တစ်ဦးတည်းအထီးကျန်နေရခြင်းအားလည်း
ပျော်မွေ့နေမိသူ။
ထိုကောင်လေးကြောင့် တစ်ခါမှ
မရောက်ဖူးသော Clubဟူသည့်
အရိုင်းဆန်ဆန်မြေနေရာသို့
အခြေချမိခဲ့ဖူးသော Taehyung။
ယခုလဲ ဒုတိယအကြိမ်ရောက်ရှိလာပြန်သော
ထိုကန့်သတ်နယ်မြေကြီး Sulian။
သို့သော် ယခုတခါတွင်တော့
သူ့ဘေးနားတွင်ထိုကောင်လေးရှိမနေတော့ချေ။

အရက်မသောက်တတ်တဲ့
ဆယ်ကျော်သက်မြှီးကောင်ပေါက်လေးသဖွယ်
လက်တည့်စမ်းကြည့်တာလို့ပြောရအောင်လဲ
Kim Taehyungတို့အရွယ်
ငယ်တော့တာမှမဟုတ်ဘဲ။
လျှာစွတ်အာစွတ်သောက်မိရုံနှင့်တင်
လျှာလေးအာလေးဖြစ်သွားတတ်မှန်းလည်း
သူနားလည်ပါသည်။
သို့သော် သူကြားဖူးတာလေးတခု။
ဒီလိုခါးသက်သက်အရည်တွေကို
များများသောက်လိုက်ရင် တစ်ခဏတော့
စိတ်ညစ်စရာတွေ မေ့သွားတယ်တဲ့။

Sulian၏VIPခန်းထဲတွင် ပုလင်းကြီးငယ်
ခြံရံလျက် သူတစ်ယောက်တည်း
တွေဝေနေမိဆဲ...။
မူးနေတာသေချာပါပြီ။
ဘာလို့တစ်ခဏလေးတောင်
မေ့မရဖြစ်နေရတာလဲ ကိုစိတ်ဒုက္ခတို့။
Kim Taehyungကို ဒီလောက်တောင်မှ
ချစ်ကြတာလား ဟမ်???

"မု န်း တ ယ်..."

ဖန်ခွက်ငယ်ထဲက Absoluteတချို့ကတော့
လျှာဖျားထက်ပျော်ဝင်ခစားရင်း
ပူရှရှလည်ချောင်းထဲသို့ထိုးဖောက်သွားသည်မှာ
မွှေးညှင်းစိမ်းနုနုလေးများပင်
နီယွန်မီးလုံးဝါဖျော့ဖျော့ကြောင့်
နံရံဆေးရေးတချပ်သဏ္ဍန်။

"ေ သ သြ ာ း ရ မွ ာ..."

ဒီတကြိမ်တွင်တော့လက်ထဲက
Absoluteဖန်ခွက်ကလေးက
ကြွေကြမ်းကြင်ထက် အပြစ်မဲ့စွာ
ကွဲကြေလျက်...။

"မ င်းေ သ သ င့် တာ...
K I M...T A E...H Y U N G..."

သူကြောင့် တစ်ပါးသူမိသားစု
ပျက်စီးကိန်းဆိုက်ခဲ့ရတာ...။
သူ့ကြောင့် အသက်တစ်ချောင်း
ဆုံးရှုံးခဲ့ရတာ...။
သူ့ကြောင့် ဒီကောင်လေး
လမ်းဘေးရောက်ခဲ့ရတာ...။

ကျတော့်ကိုမုန်းနေရှာမှာပေါ့နော်
Jungwoo shi...။
ကျတော်လဲမုန်းတယ်...။
ခင်ဗျားကျတော့်ကို ဘယ်လောက်နာကျည်း
နေလိုက်မလဲ...။
ပိုဆိုးတာက...Jungkookလေး ။
ကျတော့်လိုလူကိုမှ သူချစ်ရတယ်တဲ့ဗျာ ။
သူရူးနေတာများလား...။
Hak Hak ကျတော့်နားမှာရှိတဲ့
လူတွေအကုန် ဒီလိုပဲရူးသွားကြတာ...။

The Truth Untold °k•v✓Where stories live. Discover now