Zawgyi
ကိုယ်ခန္ဓာကြီးတစ်ခုလုံးမလှုပ်ချင်လောက်
အောင် နာကျင်ကိုက်ခဲနေသည်။
မွေ့ယာအိအိပေါ်တွင် တစ်ဒေါက်ဒေါက်
အသံပေးလျက်ရှိသော ချိန်သီးနာရီအား
လျစ်လျူ ရှုကာ ခေါင်းအုံးဖွေးဖွေးကြား
လူးလိမ့်တိုးဝှေ့လျက်။အိပ်ရာမထဘဲတစ်ရက်လောက်
စိတ်ပြေလက်ပျောက် နားလိုက်ရရင်တော့
အကောင်းသား...။
မဖြစ်ချေသေး...။
ညစဉ်ရက်ဆက် ငိုကြွေးမိသောမျက်ဝန်းအစုံ
တို့ကို သူ၏ခေါင်းအုံးဖြူ ဖြူ လေးသာ
သိနိုင်ပါလိမ့်မည်...။
လွမ်းလို့လား Taehyung?
အင်း...သေမတတ်ပဲ။
မင်းလွမ်းနေတော့ရော သူကသိတယ်တဲ့လား?
ဟင့်အင်း...သူမသိဘူး။မနက်မိုးလင်းတိုင်း အဖြေထုတ်မိသော
ဤမေးခွန်းနှစ်ခုကား Taehyung၏
ဦးနှောက်ထဲတွင် နောကျေနေလေပြီ။
သူ ထွက်သွားသည့်အချိန်မှစ၍
ယနေ့တိုင် ထိုမေးခွန်းလေးနှစ်ခုက
Taehyung၏နံနက်ခင်းတိုင်းကိုဆီးကြိုလျက်။"Hyung...နေကောင်းရဲ့လား?
ဒီနေ့အလုပ်မသွားဘဲ အိမ်မှာပဲနားနားနေနေ
နေပါလား Hyung,""ကိုယ်အဆင်ပြေတယ် Jihoon, ဒီနေ့ရုံးမှာ
ထိုင်ဝမ်ကပစ္စည်းတွေစာရင်းစစ်ရမှာမို့ "ဘယ်လောက်ပဲ မထချင်ပါစေ
သူထိုကောင်လေးနှင့် တစ်ခန်းထဲကာကြာကြာ
မနေချင်မိသဖြင့် အိပ်ရာပေါ်မှ
ကုန်းရုံးထလာဖြစ်သည်။
Jihoonကိုမုန်းလို့ မတွေ့ချင်တာလား?
မမုန်းပါ...ဒီကိစ္စတွေမှာJihoonအမှားပါ
ခဲ့ခြင်းတစ်ခုမျှမရှိခဲ့ပါ။
ဒါဆို 'သူ' ရော??
သူလဲမမှားခဲ့ပါ။
အရာရာကံစီမံသည့်အတိုင်းပေါ့လေ...။"Hyung ကျတော်ပြောစရာရှိတယ်,"
"အင်း ပြောလေ"
"ကျတော် ဒီနေ့ညနေHyungကိုလာကြိုမယ်"
"သွားစရာရှိလို့လား Jihoon?"
"ဒီနေ့ ကျတော်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့
နှစ်နှစ်ပြည့်ပြီ "အော်...သူတောင်ဒီကောင်လေးနှင့်
လက်ထပ်ပြီးတာ နှစ်နှစ်ပြည့်ခဲ့ပြီပါလား...။
ဒီအချိန်Jungkookသာရှိနေရင်
ချစ်သူသက်တမ်းသုံးနှစ်လောက်တော့
ရှိရောပေါ့..။ဟက်...Jungkookကဖြင့်
သူ့မိန်းမနဲ့သူအခြေကျနေပြီ..။
သူကသာ အတိတ်ဟောင်း အနှောင်အဖွဲ့တွေကို
ရုန်းထွက်ဖို့ခက်ခဲနေခဲ့တာ...။
YOU ARE READING
The Truth Untold °k•v✓
Fanfiction"ငါ့ညီတယောက်လုံးပျက်စီးနေတာကို ငါဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား Jungkook" "ခင်ဗျားမှားနေပြီ Taehyung...ခင်ဗျားကို ကျတော် ဘယ်တုန်းကမှ အစ်ကိုလို့ မသတ်မှတ်ခဲ့ဘူး "