အပိုင်း ၁

16.8K 243 7
                                    

ဒီနေ့ အပိုင် အရမ်းပျော်တယ် အချုပ်အနှောင်တစ်ခုကနေ လွှတ်မြောက်သွားတဲ့ ငှက်ကလေးလိုပါဘဲ စိတ်တွေပေါ့ပါး နေတယ် ဒီလို အချိန်ရောက်လာဖို့ အပိုင် ဘယ်လောက်ထိကြိုးစားခဲ့လဲ

"ကဲ အပိုင် ပြောပါအုံး ကျုပ်ကို မုန့်တွေဘာတွေ ကျွေးလို့ မွေးနေ့လည်း မရောက်သေးပါဘူး "

"ပျော်လို့ ကျွေးတာစား "

အပိုင်၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သူ ဖူးပွင့် မှာ မှာထားသောမုန့်များအား မစားသေးဘဲ အပိုင် မျက်နှာကိုသာ အကဲခတ်နေသည် အပိုင်ကတော့ ဖူးပွင့် တစ်ခုခုကို သိချင်နေမှန်းသိသော်လည်း မပြောသေးဘဲ မှာထားသော ဟမ်ဘာကာကိုသာ အားရပါးရ စားလိုက်လိုက်သည်

"ဖူးဖူး မုန့်တွေက မစားဘူးလား ငါစားလိုက်ရမှာလားပြော "

"ကဲ စားမှာပါ. စားမှာထက် ငါက နင်ဘာကိုပျော်နေတာလဲသိချင်နေတာ အခုတလော နင်ဒီလောက်ပျော်တာ မမြင်ဖူးဘူး"

"ငါ ဘာလို့မုန့်ကျွေးတာလဲဆိုတော့... "

အပိုင် မပြောသေးဘဲ အချိန်ဆွဲလိုက်သည် ဖူးဖူးကတော့ မျက်တောင်ပင်မခတ်ပေ အပိုင်ပြောမည်ကို စောင့်နေသည်

"ငါ့ရည်းစားနဲ့ ပြတ်တဲ့ အထိမ်းအမှတ်နဲ့ကျွေးတာ စားတော့"

"ရည်းစားနဲ့ပြတ်လို့ မုန့်ကျွေးတာ နင်တစ်ယောက်ထဲဘဲ ငါတွေ့ဘူးသေးတယ် ဒါနဲ့ ဘာလို့ ပြတ်သွားတာလဲ "

"ငါဖြတ်လိုက်တာ..."

"ဘာလို့လဲ နင်ကနောက်တစ်ယောက်တွေ့နေလို့လား ဒါမှမဟုတ် သူကတွေ့နေတာလား မဖြစ်နိုင်ပါဘူး သူက နင့်ကို ဒီလောက်ချစ်တာ"

"အာ မဟုတ်ပါဘူး ဒီတိုင်းဘဲ စိတ်ကုန်လို့ "

"နင့်ရည်းစားက အလုပ်ကိုင်လည်းကောင်း ရုပ်လည်းချော နင့်အပေါ်လည်း ဒီလောက်ချစ်တာကို ဘာစိတ်ကုန်စရာရှိတာလဲ အပိုင်ရဲ့ "

"ပြောရရင်တော့ အရှည်ကြီးဘဲ မေးမနေနဲ့တော့ မပြောချင်ဘူး အခုဇာတ်လမ်းကပြီးပြီ အားလုံးကို မေ့ဖျောက်လိုက်ပြီ မမေးနဲ့တော့ "

"ဇာတ်လမ်းက ပြီးပါ့မလား အပိုင်ရဲ့ အရင်တုန်းကလည်း ပြတ်တယ်ပြောပြီး သူလာချောတော့ ပြန်တွဲတာ နှစ်ခါရှိပြီမလား "

ပြောင်းလဲတတ်သောWhere stories live. Discover now