အပိုင်း ၁၆

5.6K 101 4
                                    

မနေ့က အပိုင်နှင့် ထက်ဘုန်းရှိန် အကြီးအကျယ် ပြသာနာတက်ခဲ့သည်။ဒီနေ့ ရုံးတက်ရမည်ဆိုသော်လည်း အပိုင်မသွားချင်တော့ပေ။ထက်ဘုန်းရှိန် မျက်နှာကိုလည်း မမြင်ချင်ပေ။ထက်ဘုန်းရှိန် ရဲ့ ဇွတ်တရွတ်ဆန်တဲ့ အပြုအမှုတွေကို အပိုင်မကြိုက်ပေ။ နေရာတကာ သဝန်တိုလွန်းတာကိုလည်း မကြိုက်ပေ။အဆိုးဆုံးက အပိုင့်ကို အတင်းဖက်နမ်းသည်ကိုလည်း မကြိုက်ပေ။မနေ့က ထက်ဘုန်းရှိန် ရောက်လာတော့ အပိုင်ရှင်းပြဖို့ ကြိုစားခဲ့သည်။

"ကို... အပိုင် ရှင်းပြမယ်..... "

"ကိုယ့်ကို ဘာတွေ ထပ်လိမ်အုံးမလဲ အပိုင်...."

"အပိုင်က အမှန်တိုင်း သီဟနဲ့ သွားတွေ့မလို့ လို့ ပြောခဲ့ရင် ကို ကခွင့်ပြုမှာ မလို့လား ဟင်... "

" တခြားယောက်ျားတစ်ယောက်နဲ့တွေ့တာကို ကြည်ကြည်ဖြူဖြူလက်ခံပေးရမှာလား ဒီမယ် အပိုင် မင်းက ငါ့ချစ်သူ မင်းကို ငါတစ်ယောက်တည်းကဘဲ ပိုင်တာ "

"အပိုင်ကို ရှင် မပိုင်ဘူး.... ဘယ်သူမှ အပိုင်ကို မပိုင်ဘူး... "

"ဘာလို့မပိုင်ရမှာလည်း မင်းကို ပိုင်တယ်ဆိုတာ သက်သေပြမယ် "ထက်ဘုန်းရှိန် ကစကားဆုံးပြီးချင်းချင်း အပိုင်ကို ဆွဲကာ ဖက်နမ်းလိုက်သည်။ ထိုနေရာတွင် လူများကြီးရှိနေသည်ကိုလည်း ဂရုမစိုက်တော့ချေ။အပိုင်က ရုန်းနေသော်ကြောင့် သူအားပိုသုံးကာ ခပ်ကြမ်းကြမ်းနမ်းလိုက်သည်။အပိုင်... မင်းနှုတ်ခမ်းတွေက ကိုယ့်တစ်ယောက်ထဲအတွက်ဘဲ...... ရူးမိုက်တယ်လို့ထင်ကြပါစေ... ကိုယ်ချစ်တာကို ကိုယ်ဘဲသိသည်

အပိုင်ရဲ့မျက်ရည်တွေ သူ့ရဲ့ပါးပြင်ပေါ်ကျဆင်းလာသည်။

"အပိုင်.... "

"ဖြန်း.. " အပိုင်ရဲ့ အမုန်းတွေက သူ့ရဲ့ပါးပြင်ဆီသို့ ကျရောက်လာသည်။

မနေ့တုန်းက အဖြစ်ပျက်ကိုပြန်စဉ်းစားရင်း အပိုင် ရှက်မိသည်။ ဒေါသထွက်မိသည်။

⬜⬜⬜⬜⬜⬜⬜⬜⬜⬜⬜⬜⬜⬜

မနေ့က အဖြစ်ပျက်ကြောင့် အပိုင် ရုံးမလာမှာစိုးသောကြောင့် အပိုင်အိမ်သို့ ဝင်ခေါ်ရန်ဆုံးဖြတ်လိုက်သည်။

ပြောင်းလဲတတ်သောDonde viven las historias. Descúbrelo ahora