အပိုင်း ၁၄

2K 71 1
                                    

"အပိုင်.... ဒီနေ့ချစ်ဖို့အရမ်းကောင်းနေတာဘဲ  ကိုကိုလို့ခေါ်ခံ၇တာ ဘယ်လောက်တောင် အသည်းယားလည်းသိလား စိမ်းပါလို့ အောင့်နေတာ မဟုတ်ရင်.....  "

ထက်ဘုန်းရှိန် က အပိုင်ပါးကို ဖဲ့လိုက် အပိုင် ဆံပင်တွေကို ဖွလိုက်နှင့်ပြောနေသည်။

"ကိုယ့်ကိုအမြဲ ဒီလိုဘဲ ဆက်ဆံရင် သိပ်ကောင်းမှာဘဲ "

"အဲဒီ စိမ်းဆိုတဲ့ ဟာမကြီးနဲ့ မပတ်သတ်ပါနဲ့လို့ပြောထားတာကို အပိုင်နဲ့ချိန်းတာတောင်ဖျက်ပြီး တွေ့ကြတယ်ပေါ့ "

"ကိုယ်ဘယ်မှာ အပိုင်နဲ့ချိန်းတာ ဖျက်လို့လဲ အချိန်နောက်ဆုတ်ပေးဖို့ဘဲပြောတာလေ နောက်ပြီး ဒယ်ဒီနဲ့ မာမီကပါ လိုက်ပို့ပေးဖို့ ဝိုင်းပြောနေတော့ ငြင်းလို့လည်းမရ ငြင်းဖို့လည်း အားနာတာနဲ့ "

"အားနာ ကျပ်ကျပ်သာ အားနာ ရှင့်ကို ဂျင်းမိမှာစိုးလို့ ပြောနေတာ "

"အပိုင် စိတ်တိုတာလည်း ချစ်ဖို့ကောင်းနေပြန်ရော "

"နောက်မနေနဲ့ .... ဘယ်လောက်စိတ်ပူနေရလဲဆိုတာမသိဘူးလား"

အပိုင်အနေဖြင့် ဒီလောက်ထိ စိတ်ပူပန်နေသည့်အကြောင်း ထုတ်မပြောချင်သော်လည်း ဒီနေ့တော့ အပိုင့် စိတ်ကို မထိန်းချုပ်နိုင်ပေ။

"ဘာကို စိတ်ပူတာလဲ ကိုယ်စိတ်က အပိုင်ဆီမှာဘဲ ရှိတာပါ အဲအတွက် စိတ်ချ...... တကယ်လို့ စိတ်မချဘူးဆိုလည်း ကိုယ့်ကို လက်ထပ်လိုက်လေ.."

"ဝေးသေး.....  ရှင်နဲ့ ဒီအတောတွင်းရှိခဲ့တဲ့ သံယောဇဉ်ကြောင့် ကူညီပေးနေတာ  ..... ဒီတစ်ခါနောက်ဆုံးဘဲ....  နောက်တစ်ခါ အဲဒီ စိမ်း ဆိုတဲ့ မိန်းမ လာကပ်ရင် ကိုယ့်ဘာသာကြည့်ရှောင်.....  မရှောင်ချင်ဘူး အားနာတယ်ဆိုလည်း သဘောဘဲ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ"

"အပိုင်ကလည်း ကိုယ်က.....  "

"ကိုထက်... စိမ်း ဒီမှာ သူငယ်ချင်းနဲ့တွေ့နေလို့ နေခဲ့လိုက်တော့မယ်.....  ကိုထက်တို့နှစ်ယောက်ပြန်ချင်ရင်ပြန်လို့ရတယ် "

"စိမ်း အပြန်ကျရင်.... "

"သူငယ်ချင်းက လိုက်ပို့မှာပါ... "

ပြောင်းလဲတတ်သောDonde viven las historias. Descúbrelo ahora