အပိုင်း ၁၃

1.9K 65 2
                                    

ဒီနေ့အပိုင်နဲ့လျောက်လည်ဖို့အတွက် စောစောထကာ ပြင်ဆင်လိုက်သည်။ကုမ္ပဏီတွင် ရာထူးကြီးသူဖြစ်သောကြောင့် အမြဲလူကြီးဆန်ဆန် ဝတ်လေ့ရှိသော်လည်း ဒီနေ့တော့ လူငယ်ဆန်ဆန်ဖြစ်စေရန် တီရှပ်အင်္ကျီ အဖြူနှင့် ဂျင်းဘောင်းဘီကို ရွေးခတယ်ဝတ်ဆင်လိုက်သည်။ နာရီကြည့်လိုက်တော့ ၆နာရီ ခွဲသာရှိသေးသည်။ သို့သော် စောစော သွားမှဖြစ်မည် ။ အပိုင်က အရင်တစ်ခါကလို ကြိုပြီးထွက်သွားမှာလည်း စိုးရိမ်မိသည်။ပြင်ဆင်ပြီးသည်နှင့် အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။

"စိမ်း ရောက်နေတာကိုး "

"ရုံးပိတ်ရက်ဆိုတော့ ကိုထက် အိမ်နေအုံးမယ်လို့ စိမ်းကထင်နေတာ အခုတော့ ကိုထက်က ပြင်ဆင်လို့တောင်ပြီးသွားပြီ.... စိမ်း ဒီနေ့ လျောက်လည်ချင်လို့ ဘုရားကြီး ၊ကုသိုလ်တော် ၊မန္တလေးတောင် နောက်ပြီး shopping လည်းထွက်ချင်တယ် ကိုထက်လိုက်ပို့မယ်မလား "

"စိမ်းကိုတော့ အားနာပါတယ် ကိုယ်က ချိန်းထားတာရှိလို့ပါ "

"သားကလည်း စိမ်းက ပြန်လာတုန်းလေး တွေ့ရတာကို ပို့ပေးလိုက်ပါ သားချိန်းထားတာ အရေးမကြီးဘူးမလား "

"သားက အပိုင်နဲ့ ချိန်းထားလို့ပါ မာမီ"

"မင်းနဲ့ အိအိပိုင်က နေ့တိုင်းတွေ့နေရတာဘဲကို စိမ်းက အစောကြီးလာနေတာ အားနာစရာကွာ "

မာမီ သာမက ဒယ်ဒီကပါ တောင်းဆိုနေသောကြောင့် ထက်ဘုန်းရှိန် မငြင်းသာပေ။ အပိုင် စိတ်ဆိုးရင်တော့ ဒုက္ခပါဘဲ။

"ကိုထက်ကလည်း ပို့ပေးပါနော်....  နော်လို့ "

"OK  လေ"

"စိမ်း သမီး မနက်စာ မစားရသေးဘူးမလား အိမ်မှာတစ်ခါတည်းစားသွားမလား "

"ရတယ် အန်တီ သွားရင်းနဲ့ ဆိုင်မှာဘဲဝင်စားလိုက်တော့မယ်"

"အေးအေး သား သမီးလေးကို နှံ့အောင် ပို့ပေးလိုက်နော် အကြာကြီးနေမှပြန်လာရတာဆိုတော့ "

"ဟုတ်ကဲ့........   စိမ်း သွားရအောင် "

အပိုင်ကို ဘယ်လိုပြောရမလဲ ထက်ဘုန်းရှိန် စဉ်းစားမရပေ။

ပြောင်းလဲတတ်သောWhere stories live. Discover now