အပိုင်း ၃

4.1K 109 3
                                    

အချစ်စစ်ရင် အရာအားလုံး ဖြစ်နိုင်တယ်ဆိုတာ ထက်ဘုန်းရှိန် ယုံကြည်သည် သူမန္တလေးကို ပြောင်းလာသည်မှာလည်း အပိုင်ကို ရှာချင်သောကြောင်ဖြစ်သည် ခက်ခဲမည်ဟုထင်သော်လည်း ကံကောင်းစွာဖြင့် အပိုင်က သူ့အဖေ မိတ်ဆွေ၏ သမီးဖြစ်နေသည်။ အပိုင် သူနဲ့ အဆက်ဖြတ်ဖို့ အစီစဉ်ဆွဲခဲ့သလို သူလည်း အပိုင်သူ့နားက မခွာနိုင်အောင် အစီစဉ်သေချာဆွဲထားခဲ့သည်

"ဒီမယ် မန်နေဂျာကြီး ကျွန်မ ဘယ်မှာ အလုပ်လုပ်ရမှာလဲ "

"ဒီအခန်းထဲမှာ ကိုယ့်ဘေးက ခုံနားမှာ... "

ထက်ဘုန်းရှိန် က သူခုံဘေးနားက စားပွဲကို လက်ညိုးထိုးပြလိုက်သည်

"ဒါက ဘာသဘောလဲ "

"ဘာသဘောကမှာလည်း ငါကမင်းကို အတွင်းရေးမှူးခန့်လိုက်တာ "

"အတွင်းရေးမှူးလုပ်ဖို့ကျွန်မမှာ ဘာအတွေ့ကြုံမှ မရှိဘူး ကျွန်မ အလုပ်ကို အခြေခံကနေ သင်ယူနိုင်မဲ့နေရာကို ပို့ပေးပါ "

"မပူပါနဲ့ ကိုယ်သင်ပေးမှာပါ မင်း ဒယ်ဒီနဲ့ အကိုက မင်းကို သေချာကူညီ စောင့်ရှောက်ဖို့မှာထားတယ် "

"မလိုပါဘူး ကိုယ့်ဘာသာ နေပါရစေ ကျွန်မကို အရောင်းဝန်ထမ်းဖြစ်ဖြစ် ခန့်လိုက်ပါ "

"မင်းပြောတိုင်း ငါကလက်ခံရမှာလား ငါမင်းကို အတွင်းရေးမှူးခန့်လိုက်ပြီ မလုပ်ချင်ရင် အလုပ်ထွက်လိုက်လို့ရတယ် "

"ကောင်းသားဘဲ ထွက်တာပေါ့ ရှင်နဲ့ အတူတူအလုပ်လုပ်ရမှာထက်စာရင် ဒယ်ဒီပေးစားမဲ့ ယောက်ျားဘဲယူလိုက်တော့မယ် "

ထက်ဘုန်းရှိန်ကို ဖြတ်ရသည့် အဓိကအကြောင်းရင်း မှာ သဝန်တိုလွန်း ချုပ်ချယ်လွန်း၍ဖြစ်သည် အပိုင်က လွှတ် လပ်မှုကိုကြိုက်သည် ချုပ်ချယ်တာကို မုန်းသည် အခု အပိုင် ယောက်ျားယူမယ်ဟုပြောလျင် သေချာပေါက် အပိုင်ကို အလျော့ပေးလိမ့်မည် ထက်ဘုန်းရှိန် အပိုင်ပေါ် မပြတ်သေးဘူးဆိုတာသိသည်

"တကယ်လား အဲလိုဆို ကိုယ်ကပိုတောင်ကြိုက်သေးတယ် မင်းယူရမယ့် ယောက်ျားက ကိုယ်ဆိုတာ မင်းမသိသေးဘူးထင်တယ် မင်းနဲ့ မင်းဒယ်ဒီ စာချုပ်လုပ်ထားတာလည်း ကိုယ်သိတယ် ထွက်ပေါ့ ဒီနေ့အလုပ်ထွက် မနက်ဖြန် ချက်ချင်း ကိုယ်က လက်ထပ်မှာနော် "

ပြောင်းလဲတတ်သောOù les histoires vivent. Découvrez maintenant