အပိုင်း ၅

2.9K 86 0
                                    

"မိဖူး ငါဘယ်လိုလုပ်ရမလဲ ဟာ စိတ်ညစ်လိုက်တာ "

"ညစ်မနေနဲ့တော့ နင်စဉ်းစားထားသလို ခြောက်လလောက် အဆင်ပြေအောင် နေလိုက်ပေါ့ အဲဒါပြီးတော့ သူနဲ့ လမ်းခွဲလို့ရတာဘဲ "

"သူနဲ့ တွဲရတာ ဘယ်လောက် စိတ်ရှုပ်ဖို့ကောင်းလဲ နင်မသိပါဘူး ငါစိတ်ညစ်တယ်  "

"ဒီတစ်ယောက်နဲ့တော့ ဘယ်လောက်ဖြတ်ဖြတ် မရဘူးမလား ကောင်းတယ် ကောင်းတယ် အပိုင်တို့တော့ သင်ခန်းစာရလောက်ပြီ "

"ပြောပါဟာ ငါတကယ် သင်ခန်းစာရနေပြီ ငါဒီလောက် ခေါင်းမာ ဆိုးသွမ်းနေတာကို သူမလို့ ပြန်တွဲချင်တယ် တကယ်စဉ်းစားမရဘူး "

"ဟဲ့ နင့်ကို ချစ်လို့ပေါ့ဟ "

"မဟုတ်ဘူး ငါ့စိတ်ထဲ အဲလို မခံစားရဘူး ငါ့ကို သက်သက်မဲ့ စိတ်ဒုက္ခပေးနေသလိုဘဲ သူ့အချစ်ကို ငါမခံစားမိဘူး ငါ့ကို မချစ်သလိုဘဲ "

"မချစ်ဘဲ နင့်ကို ဒီလောက်ကပ်မလား "

"ဘာကြောင့်လဲဆိုတာ ငါ သေချာမသိပေမဲ့ သူတခြားအကြောင်းရာ တစ်ခုကြောင့် ငါ့ကို သူ့ဘေးနားထားနေသလိုဘဲ "

"နင့် စည်းစိမ်းတွေကြောင့်လို့ပြောရအောင် သူလည်း နင်တို့လောက်နီးနီး ချမ်းသာတာမလား "

"အဲဒါတော့ ငါသိတာပေါ့ တစ်ခုခုဘဲ အခုမှတွေးကြည့်တော့ ငါ့အကို ပြောတော့ သူနဲ့ ထက်ဘုန်းရှိန် နှစ်ခါ သုံးခါဘဲတွေ့ဘူးတာတဲ့ ဒါပေမဲ့ သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေသလိုဘဲ "

"နင့်ကို မကြိုက်ဘဲ နင့်အကိုကို ကြိုက်တယ်ထင်လို့လား "

"မိဖူး မဟုတ်တရုတ်ကတော့ စဉ်းစားတတ်တယ် ငါပြောတာက ရန်ကုန်မှာ သူနဲ့ငါစတွေ့တုန်း ကတည်းက သူငါကို အရင်ကတည်းသိနေတဲ့ပုံဘဲ အဲကတည်း က ငါ့အိမ်ကလူတွေနဲ့သိတာလား "

"ဘယ်ချိန်ဘဲသိသိ အရေးမကြီးပါဘူး "

"ဘာလို့လည်း. မသိဘူး ငါ့ခံစားချက်မကောင်းဘူး "

"အစာမကြေလို့နေမှာပေါ့ "

"မိဖူးးး.  ငါနင့်ကို ဘယ်လို နားလည်အောင်ပြောရမလဲ ဥပမာ သီဟက ငါ့ကို ကြိုက်တယ်မလား ငါ သူ့အချစ်ကို ခံစားလို့ရတယ် သူငါ့ကို ချစ်တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ထက်ဘုန်းရှိန် ကြတော့ ငါ့ကို ဘယ်လောက်ချစ်တယ်ပြောပြော သူ့ရင်ထဲက အချစ်မပါသလို ခံစားရတယ် ဟန်ဆောင်ပြောနေသလိုဘဲ "

ပြောင်းလဲတတ်သောDonde viven las historias. Descúbrelo ahora