ငါလုပ်တဲ့ အရာတွေ အတွက် ငါဘယ်တုန်းကမှ နောင်တ မရခဲ့ဖူးလို့ နောက်ထပ် ငါ့ဘ၀ မှာ နောင်တ ဆိုတာရှိလာမှာမဟုတ်ဘူး
______________________
Chanyeol ကျောင်းရောက်တာနဲ့ အခန်းထဲ ၀င်ပြီးတဲ့ အချိန်က စပြီး တစ်ချိန်လုံး Baekhyun ကို ထိုင်ကြည့်နေခဲ့တာ စာသင်ချိန်တောင် တစ်ဝက်ကျိုးတော့မယ်
Baek တစ်ယောက် စိတ်ထဲမှာ တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတာကြောင့် မျက်လုံး ကို စာအုပ်ကနေခွာပြီး မျက်လုံးထောင့်ကနေ
ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်မိတော့ စာရေးခုံပေါ် ခေါင်းမှောက်ပြီး သူ့ဘက်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့သူတစ်ယောက်Baekhyun စိတ်ထဲမှာ မရိုးမရွ ဖြစ်လာပြီး လက်ဖျားခြေဖျား များပါအေးစက်လာသလို အကြောင်းပြချက်က သူ ချစ်ရပါသော Yeol က သူ့ကိုကြည့်နေတယ်တဲ့လေ အရင်ကဆို Byun Baekhyun ဆိုတဲ့သူ လောကကြီးမှာ ရှိလား မရှိလားတောင်မသိတဲ့သူက အခုလိုမျိုးသူ့ကို စူးစူးစိုက်စိုက် ကြည့်လိမ့်မယ်လို့မထင်ထားမိတာ အမှန်ပါ
Chanyeol အကြည့်များက တကယ်နားလည်ရခက်သည် မျက်လုံးများက နားလည်ရခက်သည် ဆိုတာထက် သူ့စိတ်ကပို နားလည်ရခက်သည်
သူ့လုပ်ရက်တွေကိုသူအဆုံးထိ နောင်တ မရနိုင်ဘူးဆိုတာ သေချာနိုင်ပါ့မလား
???????What is "HURT" ????????
" Ya! Park Chanyeol မင်း ဒီအတိုင်းပဲ နေတော့မှာလား "
Canteen ထဲတွင် ဘာမှမလုပ်ဘဲ တစ်နေရာကို ပဲ ကြည့်နေသော Chanyeol ကို Kai တစ်ယောက် စိတ်မရှည်နိုင်တော့သောကြောင့် အော်လိုက်ခြင်းဖြစ်သည်
" သူ့ဘာသာ ဘယ်လို နေနေ ပေါ့ ဘာလုပ်ဖို့သွားအော်နေတာလဲ "
Kai ရဲ့ အော်သံကို Chanyeol က ကြားလားမကြားလားတော့မသိ ဘေးမှာရှိနေတဲ့ Sehun က တော့နားမခံသာတော့ဘဲ သူကပါ ၀င်ပြီးရောအော်နေသည်
YOU ARE READING
What is "HURT" ?
Fanfictionခင်ဗျားတို့ အတွက် နာကြင်ခြင်းဆိုတာဘာလဲမသိပေမယ့် ကျနော့် အတွက်တော့ ခန္ဓာကိုယ် အပြင်ပိုင်း နာကြင်မှုထက် ရင်ဘက်ထဲက နာတာကိုမှ အဆုံးမဲ့ နာကြင်ခြင်းလို့ ခေါ်တယ် ChanBaek Yaoi fiction Cover by @ ByunSweZin