ကျောင်းရောက်ကတည်းက Chanyeol တစ်ယောက် Baekhyun ကိုမျှော် နေတာ ကျောင်းတက်ခါနီးမှ ကျောင်းကို အပြေးတပိုင်း နဲ့ ရောက်လာတယ် မနေ့က ဒဏ်ရာတွေကြောင့် မျက်နှာက အနည်းငယ် ဖူးရောင် နေသလိုBaek မျက်နှာက ဒဏ်ရာတွေ မြင်တော့ Chanyeol ကျေနပ်သလို မဲပြုံးတစ်ချက် ပြုံးလိုက်ပြီး
Baek ထိုင်နေတဲ့ နောက်ဆုံးတန်းက ခုံလေးဆီ ခြေလှမ်းများကို တစ်လှမ်းချင်းလှမ်းကာ ခုံပေါ်မှာ ခေါင်းမှောက်ပြီးအိပ်နေတဲ့ Baek ကို ခဏလောက်ကြာကြာစိုက်ကြည့်လိုက်တော့ Baek တစ်ယောက် သူ့နားကို တစ်ယောက် ယောက် ရောက်လာတဲ့ ခံစားချက်ရတာမို့ ခေါင်းကိုမော့ကြည့်လိုက်သည်
Baek ခေါင်းမော့ကြည့်လိုက်တာနဲ့ Yeol
မျက်နှာက ခုနကလို ကျေနပ်နေတဲ့ မျက်နှာကနေ စိတ်ပူတဲ့ မျက်နှာ အနေထား ရောက် အောင် ချက်ချင်း ပြောင်းလဲသွားသည်Baek မျက်လုံးထဲမှာတော့ Yeol က သူ့ကို မနေ့ကကိစ္စကြောင့် သူ့ကို စိတ်ပူနေတယ်လို့ ထင်မိမှာပေါ့ ဒီလောက် တောင် အိုက်တင်ကောင်းတဲ့ Chanyeol ရဲ့ ဟန်ဆောင်မှုတွေကို သူဘယ်လိုလုပ်ပြီး မြင်နိုင်ပါ့မလဲ
???????What is " HURT " ???????
ကျနော် ကျောင်းရောက်တာနဲ့ ခုံပေါ်ခေါင်းမှောက်ပြီး အိပ်နေခဲ့တာ မနက်က နွားနို့နဲ့ သတင်းစာ ပို့ ပြီး မှကျောင်းကိုလာတော့ ကျောင်းနောက်ကျပေမဲ့ အတန်းထဲမှာ ဆရာ မရှိတာကြောင့် ကျနော် အိပ်နေလိုက်တယ် အိပ်လို့တော့မပျော်ပါဘူး ဘာလို့ဆို မနေ့က ဒဏ်ရာတွေကြောင့်ပါပဲ ဒဏ်ရာတွေက အနည်းငယ်တော့ ကိုက်နေပေမဲ့ ထည့်စရာ ဆေး မှ မရှိတာ အိပ်လိုက်ရင် သက်သာမလားဆိုပြီး ကျနော်အိပ်ပဲအိပ်နေလိုက်တယ်
ကျနော် ခေါင်းမှောက်ထားပေမဲ့ အိပ်မပျော်လို့ ကျနော့်ရှေ့မှာ တစ်စုံတစ်ယောက်လာရပ်နေတာ ကျနော်သိနေတယ် ကျနော်ခေါင်းမော့ကြည့်လိုက်တော့ Yeol က ကျနော့်ကို စိုးရိမ်သလို မျက်လုံးတွေနဲ့ ကြည်နေတယ် သူဘာလို့ အဲ့လိုကြည့်နေတာလဲ
YOU ARE READING
What is "HURT" ?
Fanfictionခင်ဗျားတို့ အတွက် နာကြင်ခြင်းဆိုတာဘာလဲမသိပေမယ့် ကျနော့် အတွက်တော့ ခန္ဓာကိုယ် အပြင်ပိုင်း နာကြင်မှုထက် ရင်ဘက်ထဲက နာတာကိုမှ အဆုံးမဲ့ နာကြင်ခြင်းလို့ ခေါ်တယ် ChanBaek Yaoi fiction Cover by @ ByunSweZin