Ep 6

296 27 5
                                    

ကျနော် မနက် ၆ နာရီလောက်တော့ အိမ်ပြန်ရောက်လောက်ပါတယ် ဆိုပြီး မနက် ၅နာရီလောက်တည်းက အိမ်ကထွက်လာခဲ့တာ

သတင်းစာနဲ့နွားနို့ ပို့တဲ့ အလုပ်က ရှိသေးတယ်မလား

ဒါပေမဲ့ ကျနော် လမ်းမှာပဲ ရှိသေးတယ် ၆ နာရီကထိုးနေပြီ သူမနိုးပါစေနဲ့ဦး လို့သာ ဆုတောင်းပြီး အိမ်ကိုမြန်မြန်ပြန် ပြေးလာရတယ်

အိမ်ရောက်တော့ ကျနော် ဆုတောင်းတွေ မပြည့်လိုက် သူက မနက်စာစားဖို့ စားပွဲ မှာ အဆင်သင့်ရောက်နေပြီ

" မင်းအိမ်ပြန်လာသေးတယ်နော် ငါကမင်း အိမ်က ထွက်သွားပြီတောင် ထင်နေတာ "

သူကတော့ coffee သောက်မပျက်ပြောနေပေမဲ့ ကျနော်ကတော့ သူ့ရဲ့ သွေးအေးအေးနဲ့ပြောနေတဲ့ လေသံကို တကယ်လန့်သည်

" မဟုတ်ပါဘူး ကျနော် ဘယ်မှထွက်မပြေးပါဘူး "

" ဒါဆို မင်း မနက်က ဘယ်သွားတာလဲ ပြောကြည့်ပါဦး "

" ကျနော်... ကျနော် အလုပ်သွားတာပါ "

ကျနော် ပြောလိုက်တော့ သူ ကျနော့် ကို မော့ကြည့်လာပြီး

" ဘာ!  အလုပ် ဟုတ်လား ဟက် ကောင်းသားပဲ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲလေ

ဒါပေမဲ့ မင်းသိထားရမှာက ငါမင်းကို မင်းပထွေးဆီက ပိုက်ဆံပေးပြီး ဝယ်ထားတာနော် ငါ့ပိုက်ဆံနဲ့တန်အောင် တော့ မင်း ငါခိုင်းတာလုပ်ရမှာပေါ့ "

ပြောပြန်ပြီလား yeol ရယ် ဝယ်ထားတယ်ဆိုတဲ့ စကား နဂိုတည်း က ကျွန်အဖြစ်ဝယ်ခဲ့ ပါလား အခုတော့ yeol ကိုချစ်တဲ့ ကျနော့် ရင်တွေ တကယ်နာတယ်ဗျာ .....

ကျနော် ဘာမှသူ့ကိုဆက်မပြောတော့ဘဲ သူ့ဘက်ကပြောလာမယ့် စကားတွေ ကိုပဲ ဆက်စောင့်နေလိုက်တယ်

" ဒီနေ့ကစပြီး အိမ်ကအလုပ်ကိစ္စတွေ အကုန်လုံး မင်းလုပ်ရမယ် ငါစိတ်ထဲ ရှိရင် ရှိသလို ခိုင်းချင်တာတွေ ပေါ်လာနိုင်တယ်  အဲ့ဒါတွေ မင်းလုပ်ရမယ်

မင်းမှာ အလုပ်ရှိတာတွေ မရှိတာတွေ ငါနားမလည်ဘူး ငါခိုင်းတဲ့ အချိန် ငါအမိန့်ပေးတဲ့  အချိန်မင်း လုပ်ရမယ် ဘာလို့ဆို မင်းက ငါ ဝယ်ထားတဲ့  ကျွန်ဖြစ်နေလို့ပဲ နားလည်လား "

What is "HURT" ?Where stories live. Discover now