Ep 9

548 46 9
                                    

" Byun Baekhyun မင်း ဘာလို့ ဒီလိုမျိုးကြီးလှဲနေရတာလဲ ဘယ်နှရက်တောင်ရှိပြီလဲ ဒီလိုမျိုး အခြေအနေကို ငါက ပျော်နေမယ် ထင်လို့လား

မင်းကို နှိပ်စက်ချင်လို့ စိတ်ဒဏ်ရာ ရစေချင်လို့ ခေါ်လာတာ မင်းက ဒီလို သက်တောင့်သက်သာ နေ နေရင် ဘယ်ဖြစ်ပါ့မလဲ "

ကုတင်ပေါ်မှာ ပုံစံ မပျက် အိပ်နေသော ကောင်လေး တစ်ယောက်ရဲ့ ဖြူလျှော့လျှော့ မျက်နှာကို ကြည့်ရင်း ရင်ထဲမှ ခံစားချက် အချို့ကို စကားလုံးများ အဖြစ် ပြောင်းလဲ နေသော ကောင်လေးတစ်ယောက်

ထို ခံစားချက်များက အစစ်အမှန်တွေလား...

ကျန်ရှိနေသေးသော ခံစားချက် အချို့ရှိနေသေးသည်ကို ထိုကောင်လေး မသိသည်လော...

???????? What is "HURT"???????

ခေါင်းထဲက မူးနောက်တဲ့ ခံစားချက် ကြောင့် မျက်လုံးကို ချက်ချင်းမဖွင့်နိုင်သေးဘဲ တဖြေးဖြေး အားယူကာ တင်းတင်းစိထားတဲ့ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်တော့ မျက်လုံးထဲကို တိုးဝင်လာတဲ့ အလင်းရောင် ခပ်စူးစူး

" Baek သတိရလာပြီလား "

ပထမဆုံးကြားလိုက်ရတဲ့ အသံက Min Arjushi ရဲ့ ဝမ်းသာမှုများ ပြည့်နေတဲ့ အသံ

" သား သတိမေ့နေတာ ၃ ရက်တောင်ရှိနေပြီ "

Aww ကျနော် သတိမေ့သွားခဲ့ပဲ

" သား ခေါင်းထဲမှာမူးတာတွေ ဘာတွေ ရှိသေးလား "

Arjushi က စိတ်ပူ သလို မေးလာတာကြောင့် ကျနော် ခေါင်းသာ ခါ ပြလိုက်မိတယ်

" သား ဒီလိုမျိုး ခဏခဏ ဖြစ်တတ်လား ဆရာဝန်ကတော့ပြောတယ် အခြေအနေဆိုးရင် ဆေးရုံကိုလာပြီး စစ်ဆေးကုသမှု ခံယူပါတဲ့ "

" ရပါတယ် ကျနော်ဘာမှမဖြစ်ပါဘူး ဒီလိုပဲ နည်းနည်းပင်ပန်း သွားလို့ပါ "

" အေးပါကွယ် သား အဆင်ပြေတယ်ဆိုရင်ပြီးတာပဲ ခဏနေဦးနော် သားစားဖို့ ဦးလေး တစ်ခုခု သွားလုပ်လိုက်ဦးမယ် "

ကျနော် arjushi ကို မေးရင်ကောင်းမလား မမေးရင်ကောင်းမလား စဉ်းစားရင် arjushi က အခန်းပြင်ထွက်ဖို့ တံခါးနားတောင် ရောက်နေပြီမို့ ကျနော် အလျင်အမြန်ပဲ

What is "HURT" ?Tahanan ng mga kuwento. Tumuklas ngayon