" Park Chanyeol!!! "အတန်းထဲ မရောက်ခင် တံခါးပေါက်မှာ ထဲက မိမိနာမည်ကို အော်ခေါ်သော Sehun ကြောင့် Chanyeol လန့်သွားရသလို တစ်ခန်းလုံးလည်း တိတ်ဆိတ်သွားရသည်
" လန့်လိုက်တာ ဘာလို့ ငါ့နာမည်ကို အကျယ်ကြီးအော်နေရတာလဲ "
ဘုန်း...
Sehun လွယ်အိတ်ကို Chanyeol ရှေ့က ခုံပေါ်ကို ပစ်ချလိုက်ပြီး
" မင်း ဘယ်လိုလုပ်လိုက်တာလဲ "
" ဘာကိုလဲ "
ကျောင်းရောက်ကတည်းက ဒေါသတကြီးဖြစ်နေတဲ့ Sehun ကို Chanyeol တကယ်ပဲ နားမလည်နိုင်တော့
" လုပ်တဲ့သူက မသိချင်ယောင်ဆောင်နေတော့လည်း ပြောပြရတာပေါ့ မနေ့က မင်း Baekhyun ကို coffee အပူနဲ့ ပတ်လိုက်တယ်ဆို "
" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "
Chanyeol ရဲ့ မထီမဲ့မြင် စကားအဆုံးမှာ Chanyeol ရဲ့ မျက်နှာမှာ အရွဲ့တိုက်မှုတွေက အထင်းသား....
" ဘာလို့ အဲ့လိုလုပ်လိုက်ရတာလဲ အဲ့ coffee က မင်း သောက်ဖို့ ငါ့ကို ဝယ်ခိုင်းထားတာမဟုတ်ဘူးလား "
" ဒါပေမဲ့ ငါ့ဆီယူလာတာက သူလေ မင်းမှမဟုတ်တာ
ငါသူ့ကို အရင်ထဲက ပြောပြီးသားပါ သူ့ကို ရွှံလို့ သူ့လက်နဲ့ ထိထားတာကို ငါမစားဘူးလို့ "
" မင်းတော်တော်လွန်နေပြီနော် ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါ မင်းယူထားတဲ့ ယောကျာ်း မဟုတ်ဘူးလား "
Sehun စကားကြောင့် Chanyeol မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
" Huk အဲ့ဒါ ငါ့ကျွန် ပါကွာ ငါ့ ယောကျာ်း မဟုတ်ပါဘူး "
" Park Chanyeol!!! "
Chanyeol စကားကို Sehun ကြားပြီး စိတ်တိုတိုနဲ့ Chanyeol နာမည်ကိုအော်မိတော့
Chanyeol တစ်ယောက် ပြောလေ ဆိုတဲ့ မျက်နှာပေးနဲ့ မျက်ခုံးကိုပင့်ပြလိုက်တယ်
" ငါမင်းကို တကယ်ပဲ စိတ်ကုန်မိတော့မယ် Park Chanyeol "
" မင်းတို့ကလည်း ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးနဲ့ သူငယ်ချင်း အချင်းချင်း စကားများကြမှာလဲ တော်ကြတော့ "
ŞİMDİ OKUDUĞUN
What is "HURT" ?
Hayran Kurguခင်ဗျားတို့ အတွက် နာကြင်ခြင်းဆိုတာဘာလဲမသိပေမယ့် ကျနော့် အတွက်တော့ ခန္ဓာကိုယ် အပြင်ပိုင်း နာကြင်မှုထက် ရင်ဘက်ထဲက နာတာကိုမှ အဆုံးမဲ့ နာကြင်ခြင်းလို့ ခေါ်တယ် ChanBaek Yaoi fiction Cover by @ ByunSweZin