..'သူ'.. ဖြစ်​ခဲ့လျှင်​ (အပိုင်း ၃)

175 15 2
                                    

'နွန်း .. ည​နေက မင်းနဲ့ ​တွေ့လိုက်​တဲ့ ​ကောင်​မ​လေးက ဘယ်​သူလဲ။ အရင်​က တစ်​ခါမှ မင်း​ဘေးမှာ မမြင်​ဖူး ပါဘူး.။ ´.

ညအိပ်​ဝတ်​စုံ လဲဝတ်​​နေတဲ့နွန်းကို မာန်​က အိပ်​ရာထဲက​နေ လှမ်း​မေးလိုက်​သည်​။

နွန်း အကျီင်္လဲဝတ်​ရင်းက​နေ

' လင်း​သော်​တာ တဲ့ကိုမာန်​ရ ။ နွန်း နဲ့ တစ်​ခန်းထဲက​လေ။ ဒီ​နေ့မှ ခင်​သွားကြတဲ့ သူငယ်​ချင်း​တွေ​ပေါ့ ။ ဒါနဲ့ ကိုမာန်​က ဘာလို့​မေးတာတုန်း ၊​သော်​တာ့ ကို စိတ်​ဝင်​စား​နေလို့လား။ ´ ဟု ပြန်​​မေးလိုက်​သည်​။

' ဟာ .. ငါ က ဘာလို့သူ့ ကို  စိတ်​ဝင်​စားရမှာတုန်း ။ သိ​တောင်​မသိတဲ့သူကို ။ ´

မာန်​က ထိုသို့​ပြောပြီး​တော့ နွန်း ရဲ့​ကောင်​မ​လေး မဟုတ်​မှန်းသိ​တော့ ​ပျော်​သွားသလိုလို ။

နွန်းက ' ကိုမာန်​က ရည်းစား သိပ်​ရှုပ်​တာဟ ´ဟူ​သော ​သော်​တာရဲ့ စကားကို ကြား​ယောင်​ပြီး ထိုသို့ ​မေးလိုက်​တာဖြစ်​သည်​။

ဒါ​ပေမယ့်​ မာန်​ က နွန်းက သူ့ကိုဘာလို့ပြန်​​မေးသည်​ကို​တော့ သိချင်​မှ သိ​ပေမည်​။

' ​သြော်​ . ဒါဆို ကိုမာန်​က ကိုရဲ​သော်​တာ ကို ​တော့သိမှာပါ​နော်​ ´

တိတ်​ဆိတ်​​သွားတဲ့ အ​ခြေအ​နေကို နွန်းက ပြန်​အသက်​သွင်းလိုက်​၏။

'အင်း.. သိတယ်​​လေ နွန်း ရ .ငါတို့အခန်းထဲကပဲဟာ ´

'​သော်​တာ ကကိုရဲ​သော်​တာ ရဲ့ ညီမ တဲ့ ။´

နွန်းက ​ပြောရင်းနဲ့  မာန့်​ ​ဘေးသို့ တိုးဝင်​ ၍အိပ်​ ဖို့ ပြင်​​နေရင်း ပြန်​​ပြောလိုက်​သည်​။

' အဲ့ဒါ ကို မာန်​ ​သော်​တာကို စိတ်​ဝင်​စား ရင်​ ကိုရဲ​သော်​တာ ကို ချိတ်​ခိုင်း​လေ´

'ဘာကွ .. ငါက ခုမှ သိတဲ့ မိန်းက​လေး ကို စိတ်​ဝင်​စားရ​အောင်​ နှာပူး အဟုတ်​ဘူးကွ ၊ ပြီး​တော့ ရဲ​သော်​ ရဲ့ ညီမဖြစ်​တဲ့အတွက်​ ပိုပြီး​တော့​တောင်​ စိတ်​မဝင်​စား​သေးတယ်​။ ´

'သူ'---ဖြစ်​ခဲ့လျှင်​Where stories live. Discover now