..'သူ'.. ဖြစ်​ခဲ့လျှင်​ (အပိုင်း ၁၁)

141 11 6
                                    

'နွန်း..နင်​​သေချာဆုံးဖြတ်​ပြီးပြီလား။ နင်​ပဲ ကိုမာန့်​ကို ချစ်​တယ်​ဆို ။ ´

'​တော်​ပါပြီဟာ..ငါတို့က အစကတည်းက ဖြစ်​မှမဖြစ်​နိုင်​တာ။ ဒီ​တော့..ငါ ​ရှောင်​​နေဖို့ပဲ ​ကောင်းတယ်​။´

အိစံက စာ​မေးပွဲပြီးပြီးချင်း က​လောကို ပြန်​မယ်​လုပ်​​နေတဲ့ နွန်းကို ​သေချာ စဉ်းစားခိုင်း​ပေမယ့်​ နွန်းက ပြန်​မယ်​ချည်းပဲလုပ်​​နေ​တော့ ​ပြောရခက်​လာသည်​။ နွန်း ကိုမာန့်​ကို ​ဆေးရုံက ဆင်းကတည်းက ​ရှောင်​​နေတာ ဖြစ်​သည်​။ ကိုမာန်​ က လာ​တွေ့ရင်​​တောင်​..နွန်းက ​ရှောင်​​နေတတ်​သည်​။ စာ​မေးပွဲ​ဖြေ​နေတဲ့အချိန်​တုန်းကဆိုလည်း.သူကချည်း မလှိမ့်​တပတ်​နှင့်​ ​ရှောင်​​နေတတ်​သည်​။ မာန်​က​တော့ နွန်းကို မရမက ​တွေ့နိုင်​ဖို့ ကြိုးစား​ပေမယ့်​ ဟိုက ​ရှောင်​​နေ​တော့ ဘယ်​​တွေ့နိုင်​မလဲ။

'​အေးပါ .နွန်း..နင့်​သ​ဘောအတိုင်း​ဆောင်​ရွက်​​တော့ဟာ။ ဒါ​ပေမယ့်​နင်​ကို မာန့်​ကို လုံးဝ ​ရှောင်​​နေလို့​တော့မရဘူး​နော်​။ နင်​​ရှောင်​​နေလို့လည်း ကိုမာန်​က လက်​လွှတ်​မှာ မဟုတ်​ဘူး ။ နင့်​​နောက်​ကိုမရမက လိုက်​​နေမယ်​ထင်​တယ်​။ ´

'ငါ က​လောကိုပြန်​မှာ ကိုမာန်​လုံးဝသိမှာမဟုတ်​ဘူး။ နင်​တို့မ​ပြောခဲ့ရင်​​ပေါ့ ။´

နွန်း...ထိုသို့​ပြောပြီး​တော့ ငြိမ်​သွား​တော့သည်​။

'နွန်း...ငါနင့်​ကို တစ်​ခု​သေချာ​အောင်​​မေးချင်​တယ်​။ နင်​...ကိုမာန့်​ ကို ချစ်​​နေတာမလား။ နင်​..ကိုမာန့်​ကို ​ရှောင်​​နေ​ပေမယ့်​ နင်​သူ့ကို ​တွေ့ချင်​​နေတယ်​မလား။ နင့်​စိတ်​ကို နင်​မမြင်​နိုင်​​ပေမယ့်​ ငါတို့က​ဘေးက​နေ မြင်​နိုင်​တယ်​နွန်း ။ နင်​မညာနဲ့ ...´

'အိစံ.....ငါ...´

နွန်းက အိစံကို ​ပြောချင်​​ပေမယ့်​ ​ပြောလို့က မထွက်​။

'ဘာလဲ ..နွန်း.နင်​ကိုမာန့်​ကို ...ချစ်​​နေတာဆို နင်​ ပွင့်​ပွင့်​လင်းလင်း ရှိစမ်းပါဟာ။ ´

'သူ'---ဖြစ်​ခဲ့လျှင်​Where stories live. Discover now