..'သူ'..ဖြစ်​ခဲ့လျှင်​ (အပိုင်း ၁၂)

161 8 3
                                    

အေးချမ်းသာယာလှတဲ့ အမိက​လော ​မြေကြီးရဲ့အနံ့အသက်​​တွေကို ရလိုက်​​တော့ နွန်းစိတ်​ညစ်​စရာ​တွေကို ​မေ့​တောင်​​မေ့ချင်​လာသည်​။ ဟိုး..​ရှေ့​လေးမှာ မြင်​​နေရတဲ့ ရွာက​လေးက သူ့ရဲ့​မွေးရပ်​ရွာ​လေး​ပေါ့။ သူ့ရဲ့ ​မွေးရပ်​ရွာလေး​ပေါ့။ အဲ့ရွာက​လေးမှာ သူသိပ်​ချစ်​ရတဲ့ သူ့​မေ​မေ ရှိ​သေးတယ်​​လေ။ သူ့အ​ဖေက​တော့ သူ​တောင်​မမြင်​ဘူးလိုက်​ဘူး။ ရွာ​လေးနား​ရောက်​​တော့ နွန်း​ခြေလှမ်း​တွေ က ပိုမိုသွက်​လက်​လာသလိုပင်​  ။

'နန်းအွန်​ရွာ´

နွန်းရဲ့ ရွာက​လေး။

'​မေ​မေ့...´

နွန်းက အိမ်​ထဲ​တောင်​မ​ရောက်​​သေးဘူး အိမ်​အပြင်​က​နေ သူ့အ​မေကို အသံ​ပေး​နေ​တော့သည်​။

'​မေ​မေ့ ..သား.နွန်း​လေး ပြန်​လာပြီ။´

နွန်းအသံဆုံး​တော့ အိမ်​ထဲက​နေ အသက်​ ၄၀ ​လောက်​ရှိတဲ့ မိန်းမကြီးတစ်​​ယောက်​က အ​ပြေးထွက်​လာ​တော့သည်​။

'သား..သား.နွန်း​လေး.လား  ..အမ​လေး..သားရယ်​ ..​မေ​မေ့ဆီပြန်​လာတာလား..ဝမ်းသာလိုက်​တာ သားရယ်​။ ´

နွန်းအ​မေက နွန်းကို​တွေ့​တော့ ဝမ်းသာအားရ ​ပွေ့ဖက်​​နေရှာသည်​။ သူလည်း သူ့သား​လေးကို လွမ်းရှာမှာ​ပေါ့။.ဆယ်​တုန်း​ဖြေပြီးတုန်းက နွန်းပြန်​လာကတည်းက သူမက သူ့သားကို ပြန်​မလွှတ်​ချင်​​တော့တာ ။ နွန်းက ​ကျောင်းကိစ္စ​တွေ ရှိ​သေးတာကတစ်​​ကြောင်း ၊ သူ့ကို​ကျွေး​မွေးထားတဲ့ ဦးမာန်​ဟိ​​န်းတို့မိသားစုကို ​ကျေးဇူးဆပ်​နိုင်​ဖို့ရယ်​ တစ်​​ကြောင်း​ကြောင့်​ အတင်းပြန်​သွားရသည်​။

'သား​လေး..ဒီတစ်​ခါ​မေ​မေ နဲ့ပဲ ​နေ​တော့​နော်​ ။ ဘယ်​မှမသွားနဲ့​တော့။ ´

'ဟင်​..​မေ​မေ ကလည်း ..နွန်းမှ ​ကျောင်းမပြီး​သေးတာ ခုက နှစ်​လ တင်​ နားတာ​မေ​မေ ရ ။ ပြီးရင်​ ပြန်​သွားပြီး ​ကျောင်းတက်​ရဦးမှာ ။ မပြန်​လို့ ဘယ်​ရမလဲ​မေ​မေကလည်း။ ´

'သူ'---ဖြစ်​ခဲ့လျှင်​Where stories live. Discover now