..'သူ'.. ဖြစ်​ခဲ့လျှင်​ (အပိုင်း ၄)

161 15 2
                                    

17.7.2019...
ဆယ်​တန်း​အောင်​စာရင်းများ ထွက်​​သော​နေ့ ...

အ.ထ.က လင်းယဉ်​ ​ကျောင်း​ရှေ့မှာ ​ကျောင်းသား ​ကျောင်းသူများ က Flash board မှာ ကပ်​ထားတဲ့ ​အောင်​စာရင်း​​တွေကို အလုအယက်​ တိုး​ဝှေ့ ကြည့်​​နေကြသည်​။

'ဟာ.. ငါ​အောင်​တယ်​ကွ '

'ဟယ်​ .. မမမျိုးက ဂုဏ်​ထူး သုံးခု​တောင်​ပါတယ်​ '

' လွတ်​ပြီ ။ ကျွတ်​ပြီကွ ..ဟားဟား'

'ဟုတ်​ရဲ့လား ​မောင်​​လေးရယ်​ ။ မမ နာမည်​ ပါမှာပါ ​သေချာ​လေး ကြည့်​​ပေးပါ . လုပ်​ပါ ​နော်​​နော်​ '

ကျောင်းဝင်း တစ်​ခုလုံးမှာ ​ကျောင်းသူ ​ကျောင်းသား​တွေရဲ့ ​အော်​သံ ဟစ်​သံ ။ ဝမ်းနည်း သံ​ ငိုသံ​တွေ က ပြည့်​နှက်​​နေသည်​။

ကျောင်းဝင်းထဲက ပုဏ္ဏရိပ်​ ပင်​ကြီး​အောက်​မှာ ​တော့ လူသုံး​ယောက်​က ထိုသူများနှင့်​မတူဘဲ ​အေး​ဆေးစွာပင်​ ထိုင်​​နေ၏ ။ မာန်​၊ ရဲ​သော်​တာနှင့်​ စန္ဒီ တို့ပင်​ဖြစ်​​ပေသည်​။
သူတို့သုံး​ယောက်​က အတူထိုင်​​နေ​ပေမယ့်​လည်း တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ခံစားချက်​ခြင်းတူမည်​မထင်​။ ရဲ​သော်​တာ ရဲ့ မျက်​ဝန်းထဲမှာ တစ်​စုံတစ်​ခုကို ​ကျေနပ်​​နေသည့်​အလား မြင်​​နေရသည်​။ မာန်​ က​တော့ ​ကျောင်းသား​တွေကို ​ငေး​နေတာက လွဲ၍ ဘာမှမထူးခြား။

'နင်​ဘယ်​လို ဆက်​လုပ်​မယ်​။ စိတ်​ကူးလဲ မာန်​။ '

ကျောင်းသား ​တွေကို ​ငေး​ကြည့်ေ​နတဲ့ မာန်​ကို စန္ဒီ ​မေးလိုက်​တာဖြစ်​သည်​။

' နင့်​ကို ငါ ထင်​​တောင်​မထင်​ထားမိဘူးဟာ ။ ဒီ​လောက်​စာ​တော်​တဲ့လူက ဘာလို့ကျရတာလဲ '

ဆယ်​တန်း ​အောင်​စာရင်းမှာ စန္ဒီက ၃ ဘာသာ ၊ ရဲ​သော်​တာ က၁ ဘာသာ နဲ့​တွေ့ရ​ပေမယ့်​ မာန့်​နာမည်​က ပါမလာ ။

ထို့​ကြောင့်​ပင်​ စန္ဒီ က မာန့်​ကို မ​ကျေမချမ်းနှင့်​ ​ပြောဆို​နေတာဖြစ်​​ပေသည်​။

'​သြော်​ .. စန္ဒီ ရယ်​ .. ငါကြိုးစားတာလည်း နင်​အသိပဲ​လေဟာ ။ ဒီစာရင်းမှာ ငါ့နာမည်​ပါမလာတာ က​တော့ ငါလည်းဘာမှ မတတ်​နိုင်​ဘူး​​လေ။ ဒီနှစ်​မပါလည်း ​နောက်​နှစ်​​ပေါ့ဟာ ငါ တတ်​နိုင်​တာ ဒါပဲ​လေ ။ '

'သူ'---ဖြစ်​ခဲ့လျှင်​Where stories live. Discover now