..'သူ'.. ဖြစ်​ခဲ့လျှင်​( အပိုင်း ၆ )

152 11 0
                                    

'hello.. မအိစံ 😜😜 မ​နေ့ညက အဆင်​​ပြေရဲ့လား။ '

အစမရှိ အဆုံးမရှိ ​ပြောချလိုက်​တဲ့ နွန်း။ အိစံက ဘာ​ပြောချင်​တာပါလိမ့်​ဆိုပြီး သိပ်​​တော်​​တော်​ကြာ စဉ်းစားပြီး​တော့မှ

'ဘာ​ပြောတယ်​။ ငနွန်း .. အဲ့ဒါ နင်​က တရားခံ​ပေါ့​လေ ။ဟုတ်​လား။ ​တွေ့မယ်​နင်​တို့အ​ကောင်​​တွေ ...'

အိစံက ​ပြောရင်းနဲ့ နွန်း ကို ပါးစပ်က မန္တန် ရွတ်ပြီး ​​​ထရိုက်​​တော့သည်​။

မ​နေ့ညတုန်းက သုတက နွန်းဆီကို ဖုန်းဆက်​တာ အဲ့ဒါ အိစံရဲ့ ph no လှမ်း​တောင်းတာ။ အိစံက သုတကို သူ့ ph no. ​ပေးမထားဘူး​လေ။ (ဘယ်​​ပေးမလဲ သူကမှ ရည်းစားစကား ​ပြောထားတဲ့ဟာကြီး😝😜)

'အဟဲ .. မဟုတ်​ပါဘူးဟာ...နင်​ကလည်း.သုတက ငါ့ဆီကို နင့်​ph no. လှမ်း​တောင်း​တော့ နင်​က မ​ပေးရ​သေးတာလားဆိုပြီး ငါ​ပေးလိုက်​တာ ။ နင်​တို့ ဖြစ်​​နေတာ ငါမှမသိတာ ။'

'ဟဲ့ .. လဒနွန်း ..ငါတို့က ဘာဖြစ်​​နေလို့တုန်း ။ နင်​​နော်​ သုတ ကို သိပ်​​မြှောက်​​ပေးမ​နေနဲ့ ။ ငါ့ph no. ကို ​သေချာမ​ပေးထားတာကို နင်​လုပ်​လို့ပါသွားပြီ။'

'အိစံရယ်​ .. သုတ က လူ​ကောင်း​လေးပါ။ ပြီး​တော့ နင်​တို့ ငါတို့ရဲ့ သူငယ်​ချင်း​လေဟာ.။ လက်​ခံလိုက်​ပါဟာ ​နော်​'

နွန်းက ​သုတနဲ့ အိစံကို မြှားနတ်​​မောင်​ လုပ်​​ပေး​နေတာဖြစ်​သည်​။

'​သြော်​.. နွန်း ..နင်​က သုတဘက်​က​ပေါ့​လေ။ ဟုတ်​လား။ . ဟို​ကောင်​သုတ က နင့်​ကို စစ်​ကူ​တောင်းထားတာမလား ။'

'မဟုတ်​ပါဘူး အိစံရ။ သုတ က ငါ့ကို နင့်​ကို ချစ်​​နေတဲ့အ​ကြောင်း​လေး ရင်​ဖွင့်​တာ ။ ပြီး​တော့ ဖွင့်​​ပြောထားတာကြာပြီတဲ့ ။ နင့်​ဘက်​က ဘာမှ မတုန့်​ပြန်​လာလို့တဲ့ ။ငါ့ကို ကူညီပြီး.​ပြောခိုင်းတာ နင့်​ကို 😜😜 ။ နင်​ကလည်း လက်​ခံ​ပေးလိုက်​ပါဟာ ။'

နွန်း စကားဆုံး​တော့ အိစံရဲ့ နဂါးမျက်ေ​စာင်း​တွေက ပစ်​မှတ်​တစ်​ခုဆီ ဦးတည်​​နေလျက်​😜😜။

'သူ'---ဖြစ်​ခဲ့လျှင်​Where stories live. Discover now