Zawgyi
Jess ဒီနေ့ မနက်စောစောထရလို့ အိပ်ငိုက်နေမိတယ် အကြောင်းကတော့ တခြားမဟုတ်ပါဘူး Willionက သူ့မွေးနေ့ သူငယ်ချင်းတွေနဲ့ ခရီးသွားမယ်ဆိုပြီး လာနှိုးလို့ပါ
"မင်းကြည့်ရတာအိပ်ချင်နေတုန်းပဲလား
"သေချာတာပေါ့ မနေ့ကကောင်းကောင်းမအိပ်ရသေးဘူး
" ငါကြိုပြောတယ်လေ ငါ့မွေးနေ့လို့
"ဘယ်သိမလည်းဗျ ခင်ဗျားမွေးနေ့ကို ကျွန်တော်သိပေမယ့် ဒီလိုခရီးသွားမယ်လို့မှမသိတာ
Willion တို့အုပ်စုနဲ့ ကျွန်တော်နဲ့ခင်တာ 4လလောက်ရှိပြီ စစတုန်းကတော့ သူ့ရဲ့ အပြစ်ပေးပုံကိုကြောက်ပေမယ့် နောက်ပိုင်းပိုပိုရင်းနှီးလာတယ် သူကလည်း ကျွန်တော့ကို မနက်တိုင်းကျောင်းလာကြိုတယ် တချို့မိန်းကလေးတွေကတော့ ကျွန်တော့ကိုသိပ်ကြည့်မရဘူးလေ Willionတို့အုပ်စုနဲ့ အမြဲတွဲနေတော့လည်းပေါ့
ကျွန်တော့သူငယ်ချင်း Peter ကလည်း ကျွန်တော့စီလာလည်တယ် ဒါပေမယ့်လည်း Willionရှိရင် ကျွန်တော် သူနဲ့ မတွေ့ရပါဘူး Willionက အမြဲနှောက်ယှက်နေတယ် တခါတလေတွေးမိတယ် Willion သဝန်တိုနေတာလားလို့ ဒါပေမယ့်လည်း မဖြစ်နိုင်ဘူးမလား သူက 'straigth' လေ ကျွန်တော်လည်း 'straigth'ပါပဲ သူနဲ့တွေ့ပါ လူကရင်ခုန်လာပြီး ပူထူတက်တာ လူတိုင်းကိုတော့ ရင်မခုန်ပါဘူးနော်
"မင်းအိပ်မယ်ဆို ငါ့ကိုမှီအိပ်လို့ရတယ်
"ဟင်
ကျွန်တော်တို့ကားက ၂ယောက် ၁ခုန်ဖြစ်တာကြောင့် ယောက်ျားလေး၆ယောက်(ကျွန်တော်အပါအဝင်) ကတွဲထိုင်ကြတယ် မိန်းကလေး CCကတော့ သူ့သူငယ်ချင်း Lenar နဲ့ အတူထိုင်တယ် တချို့ကျောင်းကလူတွေပါတယ် Peter လည်းပါပေမယ့် Willionကပေးမထိုင်ဘူး
"ဟိုလေ Jessအိပ်ချင်ရင် ဟိုအနောက်မှာ 5ယောက်ခုံ၁တွဲပိုနေတယ် အဲ့မှာအိပ်မှာလား Willionပင်ပန်းမှာဆိုးလို့
"CC မင်းမဆိုင်ပဲဝင်မပြောနဲ့
"ကောင်းတာပေါ့ အဲ့မှာပဲအိပ်လိုက်မယ်နော်
ကျွန်တော် အနောက်ဆုံးကိုထပြီး အိပ်ခါနီး အရှေ့ကိုကြည့်လိုက်တော့ CCက Willion ပုခုံးကိုမှီနေတယ်လေ Willionကတော့ မသိချင်ယောင်ဆောင်နေပုံပဲ ဟိုဘက်ကိုမျက်နှာကြီးလှည့်ထားတယ်
YOU ARE READING
Feeling for you
General Fictionဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဘယ်လိုပဲလိုချင်တယ်ပြောခဲ့ပြောခဲ့ ချစ်ဖို့အချိန်ကျလာရင် သူ့ရဲ့အရာရာတိုင်းကိုချစ်လာမိတယ် မချစ်ဘူးဘယ်လောက်ပဲပြောပြော ကံပါရင်တော့ လက်တွဲဖြစ်ကြတာပဲလေ ယောက်ျားမိန်းမဆိုတာလောကရဲ့သတ်မှတ်ထားတဲ့အရာ အချစ်မှာ မိန်းမအချစ် ယောက်ျားအချ...