Zawgyi
"ဟူးးးး
စရောက်ထဲက Jess အတွက် Game အခွေဝယ်လာပြီး Computer ထဲထည့်ပေးထားတာ အခုနေ့လည်စာမစားပဲပေကပ်နေတယ်
"Jess ထမင်းစားမယ်
"ခဏလေးပြီးရင်စားမယ်
"Jess ၁၁ထဲကစားမယ်စားမယ်နဲ့ အခုနာရီကြည့်ဦး ၁ခွဲနေပြီ
"စားမယ်ဆိုဗျာ ခဏလေး
"ကိုယ် 5min ပဲစောင့်မယ်နော် မလာလို့ကတော့ ကိုယ့်အဆိုးမဆိုနဲ့ Jess အဲ့Gameစက်ရထဲကမင်းကိုယ့်ကို သေချာစကားတောင်မပြောဘူးနော်
"အင်းပါ
ခေါင်းတခါခါနဲ့သာ Willion အောက်ဆင်းလာခဲ့တယ်
After 2hours ,
Jess Game နိုင်သွားပြီးနာရီကြည့်တော့
"ဟင် ညနေ ၃နာရီတောင်ရှိပြီလား အောက်ဆင်းပြီးထမင်းစားဦးမှပဲ
Jess အောက်ကို မြူးတူးတူးဆင်းလာပေမယ့် အောက်က အစောင့်တွေက မျက်နှာမကောင်းကြဘူး maid တွေကလည်း တိုးတိုး တိုးတိုးနဲ့ အတင်းပြောနေကြတယ် ကျွန်တော်လည်းမသိချင်ယောင်ဆောင်ကာ ထမင်းစားခုံမှာထိုင်ပြီး
"အန်တီ ကျွန်တော်ထမင်းစားမယ်
"ဟိုလေ သခင်လေး Willion ကထမင်းစားချိန်ကျော်ရင်မကျွေးရဘူးမှာသွားတယ်
"ဟင် သူကဘယ်သွားလို့လည်း
"သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားပါတယ် ညမှ ပြန်ရောက်မယ်လည်းပြောသွားပါတယ်
"အဲ့ဆို ကျွန်တော် ဘယ်အချိန်စားရမှာလည်း အခုဗိုက်ဆာပြီလေ
"တောင်းပန်ပါတယ်
အားလုံးက ကျွန်တော်ဗိုက်ဆာတယ်ပြောပေမယ့် မသိချင်ယောင်ဆောင်နေကြတယ် ကျွန်တော့ ဆူဆူပူပူလုပ်တော့ maid တွေက ဈေးဝယ်ဆိုလား ဘာလားပဲ အပြင်ထွက်သွားကြတယ် အစောင့်တွေက လည်း ကားမောင်းလိုက်ပို့ကြတယ် အခုကျွန်တော်၁ယောက်ထဲအိမ်မှာ အဲ့နဲ့ မီးဖိုချောင်ထဲဝင်ကြည့်တော့ ခေါက်ဆွဲထုတ်တွေ့တာနဲ့ ပြုတ်စားလိုက်တယ်
တဖြေးဖြေး မှောင်လာတာကြောင့် နာရီကြည့်တော့ 8နာရီ အိမ်က maidတွေကော ဘယ်သူမှပြန်မလာကြဘူး
YOU ARE READING
Feeling for you
General Fictionဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဘယ်လိုပဲလိုချင်တယ်ပြောခဲ့ပြောခဲ့ ချစ်ဖို့အချိန်ကျလာရင် သူ့ရဲ့အရာရာတိုင်းကိုချစ်လာမိတယ် မချစ်ဘူးဘယ်လောက်ပဲပြောပြော ကံပါရင်တော့ လက်တွဲဖြစ်ကြတာပဲလေ ယောက်ျားမိန်းမဆိုတာလောကရဲ့သတ်မှတ်ထားတဲ့အရာ အချစ်မှာ မိန်းမအချစ် ယောက်ျားအချ...