Zawgyi
အခန်းထဲရောက်တော့ ခုံပေါ်မှာထိုင်ခိုင်းပြီး အပေါ်ကနေ အုပ်မိုးကာ
"မင်းကိုယ့်ကိုစိတ်ဆိုးနေတာမလား
"ဟက် ခင်ဗျား က ဘာလည်း မဟုတ်ဘူးငြင်းမလို့လား
"ကိုမငြင်းဘူး ဒါပေမယ့် ကိုပြောပြမယ် ဒါကိုယ်လုပ်တာလုံးဝမဟုတ်ဘူး ကိုယ့် မိဘတွေစီစဉ်တာ
"အော် ကောင်းတာပေါ့ အဲ့ဆိုလည်း သားလိမ္မာပဲဆက်လုပ်လေ ဘာလို့လာပက်သတ်တာလည်း ဖယ်
"မဖယ်ဘူး ကိုပြောတာနားထောင် ကိုမင်းကိုတကယ်ချစ်တာပါကွာ ကိုယ် ခုနကတောင် မင်းကိုအထင်လွှဲမိသွားတယ်
"စကားလမ်းကြောင်းလွှဲနေလို့ အပိုပဲ Will ခင်ဗျားက ကတိမတည်တဲ့သူပဲကို
"Jess ကိုယ်အဲ့မိန်းကလေးကို လက်မထပ်ပါဘူးကွာ ဖျက်သိမ်းမှာပါ
*တီ တီ တီ
Phone လာလိုက် မကိုင်လို့ ကျလိုက် ထပ်လာလိုက် မကိုင်လို့ ကျသွားလိုက်နဲ့ ၈ကြိမ်လောက်ကြမှစိတ်မရှည်ပဲကောက်ကိုင်လိုက်တယ်
"ဘယ်သူလည်းphone မဆက်ပါနဲ့ပြောထားတာ
"ဟို ကျွန်မပါ ကို
"အာ အင်း Xian Re(ရှမ်းရီ)
"ဟွန်း ရှမ်းရီလို့ခေါ်တယ်ပေါ့ ဘာလည်းနောက်မိန်းကလေးနဲ့လားအခုက
phoneက speakerမဖွင့်ထားသော်လည်းအပြင်ကိုအသံထွက်နေတာကြောင့် phoneကိုသာအပြစ်တင်မိလိုက်တယ်
"မဟုတ်ပါဘူး ရှမ်းရီရဲ့ ဒါနဲ့ ဘာကိစ္စရှိလို့လည်း
"ဒီညနေ အိမ်ကို ထမင်းအတူလာစားဖို့ မေ့နေမှာဆိုးလို့သတိပေးတာပါ
"ဟုတ်သားပဲ လာစားရမှာပေါ့
ကျွန်တော် Xian Re နဲ့စကားပြောနေတုန်း Jess က သူ့အိတ်ကိုကောက်ကာ အပြင်ထွက်ဖို့ပြင်နေတာကြောင့် လက်ကနေဆွဲလိုက်တယ် အဲ့ဒါကိုအတင်းရုန်းနေလို့ ခါးကိုဖက်လိုက်တယ် အဲ့ဒါတောင် လက်၂ဖက်က အတင်းတွန်းထုတ်နေတာကြောင့် Jessခြေထောက်ကိုချော်ကျအောင် ထိုးလိုက်တယ် အဲ့တော့မွေ့ယာပေါ်ပြုတ်ကျတော့မှ သု့အပေါ်ကနေ ခွဲထိုင်လိုက်တယ်
YOU ARE READING
Feeling for you
General Fictionဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဘယ်လိုပဲလိုချင်တယ်ပြောခဲ့ပြောခဲ့ ချစ်ဖို့အချိန်ကျလာရင် သူ့ရဲ့အရာရာတိုင်းကိုချစ်လာမိတယ် မချစ်ဘူးဘယ်လောက်ပဲပြောပြော ကံပါရင်တော့ လက်တွဲဖြစ်ကြတာပဲလေ ယောက်ျားမိန်းမဆိုတာလောကရဲ့သတ်မှတ်ထားတဲ့အရာ အချစ်မှာ မိန်းမအချစ် ယောက်ျားအချ...