Zawgyi
ဒီနေ့က ကျွန်တော်တို့၂ယောက် တနည်းပြောရရင် သူစိမ်း၂ယောက်ကနေ မိသားစု၁ခုဖြစ်အောင်ပြုလုပ်မယ့်ပွဲလေးပါ
သူကော ကျွန်တော်ကော အဖြူရောင်ဆင်တူလေးဝတ်ထားကြမယ်လို့ထင်တယ် ကျွန်တော်အဖြူဝတ်လို့သာ သူအဖြူဝတ်မယ်ထင်တာ မိဘတွေရဲ့ စည်းကမ်းနဲ့ အစဉ်အလာအရ ကျွန်တော်တို့ လက်ထပ်မယ်ပြောတဲ့နေ့ကစပြီး ၂ယောက်စလုံးမတွေ့ကြရသေးဘူး အခုကျွန်တော့ချစ်သူ ပိစိလေးကိုတွေ့ချင်လာပြီ
သတို့သား ပိစိလေးစီသွားမို့ကို ဟောခန်းထဲမှာကလေးကို ရင်ခုန်စွာစောင့်ရင်း တီးလုံးသံနဲ့အတူ ဝေါဆိုပြီး တံခါးမကြီးဖွင့်သံကြောင့် လှည့်ကြည့်လိုက်တော့ ကျွန်တော့ရဲ့ နှလုံးသားလေး မဟုတ်ဘူး ကျွန်တော်ရဲ့ အသက်လေး ရှက်လို့လားမသိဘူး ခေါင်းလေးငုံ့ကာ ပြုံးတုံးတုံးနဲ့ လမ်းလျောက်လာနေတာကိုက အသဲယားနေပြီ အခုချက်ချင်းပြေးပြီး နမ်းလိုက်ရ ဟူးးး မနည်းစိတ်ထိန်းထားရတယ်
လက်ထပ်ပေးမယ့်လူကြီးတွေရှေ့ရောက်တော့ ဘာမေးညာမေး သေချာတောင်မကြားပါဘူး ကလေးကိုနမ်းချင်တာပဲသိတယ်......
ကလေးနဲ့ မင်္ဂလာဆောင်တဲ့ည မှာ အရမ်းကိုစိတ်လှုပ်ရှားနေတာ ဒါပေမယ့် သူငယ်ဂျင်းတွေရဲ့ အရက်တိုက်တာကောင်းမှုကြောင့် ဘာမှမဘာလိုက်ရပဲ အိပ်ပျော်ခဲ့ရပါတယ်
_____
"လူကြီး!!
"ဟင် ကလေးလေး
လက်မောင်းကိုဆွဲကာ ကလေးလို အတင်းနှိုးနေတာကြောင့်ပြုံးကာပြန်ပြောမိလိုက်တယ် တခါတလေစဉ်းစားမိတယ် သူလူကြီးလို့ခေါ်လိုက်တိုင်း ကိုယ်နဲ့သူက အသက်လည်းသိပ်မကွာပဲ ဘာလို့အရမ်းအသက်ကြီးသလိုခံစားလိုက်ရလည်းဆိုတာနားမလည်ဘူး
"ဒီနေ့လေ ကလေး ကိုကို့ရုံးကိုလိုက်လို့ရမလား
"ဟင် ကလေးကလိုက်မလို့လား ပျင်းစရာကြီးကို
"ကိုကိုရှိနေသ၍မပျင်းပါပု
"ဟုတ်ပါပြီဗျာ အဲ့ဆို ကိုကို ရေချိုးလိုက်ဦးမယ် ကလေးစောင့်နော်
YOU ARE READING
Feeling for you
General Fictionဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဘယ်လိုပဲလိုချင်တယ်ပြောခဲ့ပြောခဲ့ ချစ်ဖို့အချိန်ကျလာရင် သူ့ရဲ့အရာရာတိုင်းကိုချစ်လာမိတယ် မချစ်ဘူးဘယ်လောက်ပဲပြောပြော ကံပါရင်တော့ လက်တွဲဖြစ်ကြတာပဲလေ ယောက်ျားမိန်းမဆိုတာလောကရဲ့သတ်မှတ်ထားတဲ့အရာ အချစ်မှာ မိန်းမအချစ် ယောက်ျားအချ...