Zawgyi
ကမ်းခြေရဲ့ နံနက်ခင်းဟာ ဘာနဲ့မှနှိုင်းမရအောင် လှပလို့နေတယ် ပြတင်းပေါက်ဖွင့်ထားတာကြောင့် လိုက်ကာ အဖြူလေးတွေဟာ အခန်းထဲကို တိုးဝင်လို့လာလေတယ် အေးမြတဲ့လေတွေကြောင့် နွေးထွေးတဲ့ရင်ခွင်ထဲကိုကောင်လေး၁ယောက်ကတော့ တိုးဝင်လို့နေလေတယ်
"အင်းးး
ညည်းသံလေးနဲ့ အတူနိုးထလာတဲ့ ကောင်လေးမျက်လုံးလေးတွေက အရိပ်ရနေသလို ခန္ဓာကိုယ်၁ခုအောက်မှာ မြုပ်နေတာကြောင့် ဖွင့်ကြည့်လိုက်တော့ စိတ်ထဲကရွတ်မိတဲ့နာမည်
"(Will)
ခေါ်ချင်နေခဲ့တဲ့ နာမည်လေး၁ခု အပြင်မှာ တခါမှ ထုတ်မဖော်ခဲ့တဲ့ နာမ်စား
ဘယ်အရာကိုမှ စိတ်မဝင်စားတဲ့ ကျွန်တော်လည်း သူ့ကြောင့်ပြောင်းလဲလာပြီ ထင်တာပဲ
သူ့ရဲ့ မျက်နှာကိုအသေးစိတ်ကြည့်နေမိတယ် လှရက်လွန်းတယ် ဖြစ်နိုင်ရင် ဒီလောက်ချောတဲ့ သူ့ကို ဘယ်သူမှမမြင်အောင် သိမ်းထားချင်မိတယ်
"ဘယ်အချိန်ထိကြည့်နေမှာလည်း
ရုတ်တရက် နိုးလာပြီး ငုံ့ကြည့်လာတဲ့သူ့ကြောင့် ခေါင်းငုံ့ကာ လက်နဲ့ သူ့ရင်ဘတ်ကိုတွန်းနေမိတယ်
ရုန်းလေ ရုန်းလေ တင်းလာတဲ့ သူ့လက်ကြောင့် ပင်ပန်းလာတယ်
"ရုန်းမနေနဲ့ အားကုန်တာပဲအဖက်တင်မယ်
"နိုးရင်လည်း ဖယ်တော့ဗျာ
"မဖယ်ဘူးကွာ
*ဒေါက် ဒေါက်
"ဘယ်သူလည်း
"ဟို မနက်စာရပါပြီလို့လာပြောတာပါ
"လာခဲ့မယ်
"ကဲဖယ်တော့
"မနေ့က ကိစ္စ ကိုယ်မကျေနပ်ဘူးနော်
"ဘလာ ဘလာ မသိဘူး
"ဟင်းဟင်း တွေ့မှာပေါ့
လစ်ခနဲ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ Jess ကိုကြည့်ပြီး Willion ပြုံးနေမိတယ်
သူတို့ ၂ယောက် စားခန်းထဲရောက်တော့ အားလုံးရောက်လို့နေပြီ
YOU ARE READING
Feeling for you
General Fictionဘယ်လိုလူမျိုးပဲဖြစ်နေပါစေ ဘယ်လိုပဲလိုချင်တယ်ပြောခဲ့ပြောခဲ့ ချစ်ဖို့အချိန်ကျလာရင် သူ့ရဲ့အရာရာတိုင်းကိုချစ်လာမိတယ် မချစ်ဘူးဘယ်လောက်ပဲပြောပြော ကံပါရင်တော့ လက်တွဲဖြစ်ကြတာပဲလေ ယောက်ျားမိန်းမဆိုတာလောကရဲ့သတ်မှတ်ထားတဲ့အရာ အချစ်မှာ မိန်းမအချစ် ယောက်ျားအချ...