အေးချမ်းဆိတ်ငြိမ်နေသည့် သစ်တောအုံ့မှိုင်းမှိုင်းများကြားတွင် စီးဆင်းနေသည့် စိမ့်စမ်းချောင်းလေး....။တောအသွယ်သွယ် တောင်အထပ်ထပ် နင်းဖြတ်လာပြီးမှ.....ခက်ခဲစွာသွားလာရသည့် နေရာတစ်ခု.....။
စမ်းချောင်းလေး၏ တစ်ဖက်တစ်ချက်တွင် ပန်းပင်များနှင့် သာယာကြည်နူးဖွယ်သာမန်အိမ်လေးတစ်လုံး....။ဤနေရာ သည်....မေတ္တာတောင်ကြား......။
စစ်သူကြီးဝမ် စမ်းချောင်းလေးကိုကန့်လန့်ခံ ဖြတ်ဆောက်ထားသည့် ၀ါးတံတားလေးမှ တစ်ဖက်သို့ကူးလာခဲ့၏....။ ပန်းပင်မျိုးစုံတို့ဘေးမှလဲ ဖြတ်လျောက်လာခဲ့ပြီးလျှင် .. .အိမ်တံခါးကို အသာအယာခေါက်လိုက်၏....။
" ဒေါက် ဒေါက် ဒေါက် "
" အိမ်ရှေ့မင်းသား...တံခါးဖွင့်ပေးပါဦး "
စစ်သူကြီးဝမ် စကားဆုံးသည်နှင့် လူတစ်ယောက်တံခါးလာဖွင့်ပေးလေ၏....။
တည်ကြည်သော မျက်နှာထား.....လေးနက်သည့်အကြည့်....မျက်ဝန်းများနှင့် ခံ့ညားသည့်အသွင်တို့ကြောင့် လူတစ်ကာလေးစားရလောက်သည့် ပုံစံပေါ်နေ၏.....။ပြုံးစစနှုတ်ခမ်းနှင့် အမူအယာတို့က နူးညံ့သိမ်မွေ့မှုကို ပေါ်လွင်စေသည်.....။
" စစ်သူကြီးဝမ် အိမ်ထဲဝင်ခဲ့ပါ...."
" မှန်လှပါ...."
အိမ်ထဲဝင်လိုက်သည်နှင့် ပစ္စည်းများကသူ့နေရာနှင့်သူ.....သန့်ရှင်းသပ်ရပ်ပြီး များလှစွာသော စာအုပ်များက အိမ်လုံးပြည့် စင်များပေါ်တွင် နေရာယူထားကြသည်....။
နေရောင်ခြည်နုထွေးထွေးတို့က ဟိုတစ်စ ဒီတစ်စ ကျရောက်နေသည်....။ စားပွဲပေါ်တွင်ထိုးထားသည့် လီလီနှင်းပန်းလေးများ၏ရနံ့မှာလဲ လေသင့်တိုင်းတစ်ချက်တစ်ချက် ရနံ့မွှေးပျံ့နေလေသည်...။
အိမ်ရှေ့မင်းသားက အိမ်ရှေ့ခန်း...စားပွဲရှိရာ..ထိုင်ခင်းတစ်ခုတွင် ထိုင်လိုက်လျှင်ပင် စစ်သူကြီးဝမ် ...သည်လဲ အိမ်ရှေ့မင်းသားအား ဂါရ၀ပြုကာ မျက်နှာချင်းဆိုင် ထိုင်လျက်....

YOU ARE READING
ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )
Fanfictionမူလဇာတ်ကြောင်းမှ သွေဖီသော...( လန်ကျန့်+ဝေ့ရင်း ) အခြားလူမပါ " ငါ့ရဲ့ကြင်ယာတော်ဟာ ငါချစ်တဲ့လူဖြစ်နေဖို့ပဲလိုတယ် ငါ့နှလုံးသား ငါ့ဆန္ဒကို ကန့်ကွက်တဲ့လူမှန်သမျှ ....ငါ့ခြေဖ၀ါးအောက် အသက်ရောက်စေရမယ်... " #လန်ဝမ့်ကျီ " ကျွန်...