နေ့လည်ခင်းမွန်းတည့် နေရောင်ခြည်သည် မိမိ၏မျက်နှာပေါ်သို့ ဖြန့်ကျက်နေကြ၏...။ ဝေါယာဉ်ပေါ်တွင်ဖြစ်သဖြင့် လူလေးယောက်က မိမိအား သယ်ဆောင်ကာ ချင်နိုင်ငံသို့ ခေါ်ဆောင်နေကြသည်..။ ဖေးဟုန်ပေးသော ချူငယ်လေးအား အသေးစိတ်ကြည့်နေမိသည်...။
အန္တရာယ်က တကယ်မကျလာနိုင်ပါဘူး...။ချင်နိုင်ငံကို သွားဖို့ သုံးရက်လေးရက်လောက်အချိန်ပေးရသည်..။ အခု ခရီးစထွက်ထွက်ချင်း တျလီနိုင်ငံနယ်နိမိတ်...။
" ၀ုန်း....ဗုန်း..."
" ဟင် ဘာသံတွေလဲ...."
ဆူညံသံများကြောင့် ဝေါယာဉ်ထဲမှကြည့်လိုက်တော့...အနောက်ကပါလာတဲ့စစ်သည်တွေ အကုန်လဲကျကုန်တာ...။
ဘယ်လိုဖြစ်ရတာလဲ...။" ၀ုန်း.....ဗုန်း ..."
".အား...."
မိမိကိုသယ်ဆောင်ထားသည့် လူများလဲ လဲကျကုန်သဖြင့် ခန္ဓာကိုယ်ပါယိမ်းယိုင်သွားရသည်...။ ချက်ချင်း ဝေါယာဉ်အပြင်ဘက်ကို ထွက်ကြည့်လိုက်တော့...
ဘယ်လိုတွေဖြစ်နေတာလဲ...ရဲမက်တွေအကုန်လုံး
မြေပြင်ပေါ်မှာ အတုံးအရုံးလဲနေကြတာ...။အံ့သြမှုတို့ဖြင့် ကြည့်မိနေပြီး သတိရမိလိုက်သည်က
အရှင်မင်းကြီး....။" အရှင်မင်းကြီး....."
အရှင်မင်းကြီး၏ ဝေါယာဉ်ရှိရာသို့ အပြေသွားကြည့်တော့....
" မဟုတ်ဘူး...."
ခေါင်းထဲဇောချွေးပျံလာသည်..။ ဘာလုပ်လို့လုပ်ရမှန်းမသိ။
အရှင်မင်းကြီး အရှင်မင်းကြီး "မည်မျှ အော်ခေါ်နေသော်လဲ အရှင်မင်းကြီး မကြားနိုင်တော့...။ ပါးစပ်တွင် သွေးစများပေကျံနေ၏..။
လည်ချောင်းကို လိုက်ဖြင့် အသာ စမ်းကြည့်တော့...."ဟင်....ဒါ ဒါ.....သူတော်စင်အဆိပ်..."
စစ်သည်အားလုံး မင်းကြီးကဲ့သို့ သွေးစများပေကျံနေကြပြီး ပုံပျက်ပန်းပျက်လဲကျနေကြသည်..။
YOU ARE READING
ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )
Fanfictionမူလဇာတ်ကြောင်းမှ သွေဖီသော...( လန်ကျန့်+ဝေ့ရင်း ) အခြားလူမပါ " ငါ့ရဲ့ကြင်ယာတော်ဟာ ငါချစ်တဲ့လူဖြစ်နေဖို့ပဲလိုတယ် ငါ့နှလုံးသား ငါ့ဆန္ဒကို ကန့်ကွက်တဲ့လူမှန်သမျှ ....ငါ့ခြေဖ၀ါးအောက် အသက်ရောက်စေရမယ်... " #လန်ဝမ့်ကျီ " ကျွန်...