ညနေစောင်းပြီး အမှောင်ပျိုးသည်နှင့် ဘုရင်မင်းကြီး၏နန်းဆောင်ကိုသွားရန် အခြွေအရံများက ချင်နိုင်ငံ၏ အဆင်တန်ဆာများစွာတို့ကို ဆင်ယင်ပေး၏...။
အနီရောင်ဝတ်ရုံကြီးကိုဝတ်ဆင်ရ၏...။ အစိမ်းရောင် တောက်နေသည့် ကျောက်စိမ်းဆံထိုးကို ဆံထုံး၏အလယ်တည့်တည့်တွင်ထိုးစိုက်က နံဘေးမှ ပတ္တမြားငယ်လေးများကို ၀န်းရံစီခြယ်၏...။ နန်းဆောင်ထဲရှိ ဝေဆာစွာပွင့်နေသော မက်မွန်ပွင့်ကလေးများထက် ပို၍ သာလွန်စွာ နူးညံ့လှပနေ၏....။
အားလုံးပြင်ဆင်၍ပြီးချိန်တွင် ညမိုးချုပ်နေလေပြီ....။
ထို့ကြောင့် ချက်ချင်းပင် ဘုရင်မင်းကြီး၏နန်းဆောင်သို့ အခြွေအရံများနှင့်တစ်ကွ သွားလေသည်။ နေရာတိုင်းတွင် အစောင့်ရဲမက်များကို ခပ်စိတ်စိတ်ချထားလေသည်...။ နန်းဆောင်သို့ရောက်သော် ...." အရှင်မင်းမြတ် ကျွန်တော်မျိုးမ လွဲ့ကျူး ခစားရောက်ရှိလာပါပြီ "
" ၀င်ခဲ့ပါ မင်းသမီး "
ခမ်းနားစွာတည်ဆောက်ထားသော နန်းဆောင်တံခါးကို ကိုယ်တိုင်ဖွင့်၍ ၀င်လိုက်လျင်....ထိန်ညီးနေသော မီးရောင်များဖြင့် လှပစွာရှိနေသော နန်းဆောင်ကိုတွေ့မြင်လိုက်ရ၏...။
လှပသော မီးအိမ်များကို သတိလက်လွတ်ဖြင့် ရင်သက်ရှုမောငေးကြည့်နေပြီးမှ....ဘုရင်မြင်းကြီးအားစိုးထိတ်စွာ ဦးညွှတ်ပြီးလျှင်...
" လွဲ့ကျူး သေသင့်တဲ့ပစ်ဒဏ်ကိုကျူးလွန်မိပါတယ် အရှင်မင်းကြီး "
" မလိုပါဘူး မင်းသမီး လွပ်လပ်စွာပြောဆိုပါ ထိုင်ပါ '"
" ကျေးဇူးပါပဲ အရှင် "
မင်းသမီးကကြီးမားသော စားပွဲခုံကြီးတွင်ဝင်ထိုင်၏။ စားပွဲပေါ်တွင် သီးနှံများစွာတို့
ကို တည်ခင်းထား၏...။ပန်းသီး.စပျစ်သီး လိမ္မော်သီး စသဖြင့် တည်ခင်းထား၏...။ ထို့နောက် မင်းကြီးက သေရည်ကရားအိုးငယ်လေးကို ကိုင်မြောက်ကာ ကျောက်စိမ်းခွက်ဖြင့် သေရည်ကိုငဲ့၏...။
YOU ARE READING
ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )
Fanfictionမူလဇာတ်ကြောင်းမှ သွေဖီသော...( လန်ကျန့်+ဝေ့ရင်း ) အခြားလူမပါ " ငါ့ရဲ့ကြင်ယာတော်ဟာ ငါချစ်တဲ့လူဖြစ်နေဖို့ပဲလိုတယ် ငါ့နှလုံးသား ငါ့ဆန္ဒကို ကန့်ကွက်တဲ့လူမှန်သမျှ ....ငါ့ခြေဖ၀ါးအောက် အသက်ရောက်စေရမယ်... " #လန်ဝမ့်ကျီ " ကျွန်...