" လန်ကျန့်ကို နောက်ထပ် အနှောင့်အယှက် မပေးဖို့..."" ကောင်းပြီလေ...မင်းပေးတဲ့ပစ္စည်းရဲ့တန်ဖိုးအပေါ် မူတည်တယ် "
မိစ္ဆာမသည် အနက်ရောင်ဝတ်ရုံလွှာအား ဝှေ့ယမ်းလိုက်ပြီး ဝေ့ရင်းထံမှ ပစ္စည်းကို မျှော်လင့်တကြီးကြည့်နေလေသည်..။
ထိုစဉ်...
"...၀ှီး....၀ှစ်....."လေထဲတွင် မြှားတစ်စင်းကဲ့သို့ လွှင့်စင်ကျလာသော ဓားမြှောင်သည် မိစ္ဆာမ၏ဦးခေါင်းတည့်တည့်သို့ ထိုးစိုက်ရန် ဦးတည်လာသည်ကို မိစ္ဆာမသည် အချိန်မှီစွာရှောင်လိုက်နိုင်သည်...။
ဝေ့ရင်း ထိတ်လိန့်စွာနောက်သို့လှည့်အကြည့်တွင် .... စစ်သည်ပေါင်းများစွာကို ဦးဆောင်ကာ ဝေ့ရင်းရှိရာသို့ အပြေးလာနေသော လန်ကျန့်ကို တွေ့လိုက်ရသည်။ လန်ကျန့်သည် ဝေ့ရင်းအံ့အားသင့်နေသည့်အချိန်မှာပင် ဝေ့ရင်းခန္ဓာကိုယ်တစ်ခုလုံး လန်ကျန့်၏အနောက်တွင် ကွယ်ဝှက်ထားပြီးသကဲ့သို့ ကာကွယ်ပြီးနေလေပြီ...။
" ဝေ့ရင်း...မင်း ဘယ်နားထိခိုက်သေးလဲ "
မိစ္ဆာမထံသို့ ဓားဦးကိုလှည့်ထားပြီး ဝေ့ရင်းအတွက် စိတ်ပူပေးနေသော လန်ကျန့်....။ လန်ကျန့်မမြင်သော်ငြားလဲ ဝေ့ရင်းခေါင်းညိတ်ပြမိသည်...။ ထို့်နောက် ကျန်စစ်သားများကလဲ မိစ္ဆာမကိုဝင်ရောက်တိုက်ခိုက်ကြလေသည်...။ သို့သော်...အင်အားမမျှသဖြင့်....စစ်သည်များအားလုံး ကျရှုံးသည်ကများသည်...။ စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးပွက်ပွက်အန်ကာ ကျရှုံးကြသည်..။
အခြေအနေမဟန်သဖြင့် ဝေ့ရင်းဇောချွေးပြန်လာပြီဖြစ်သည်...။" လန်....လန်ကျန့်...ဘယ်လိုလုပ်မလဲ....အကုန်ကျကုန်ပြီ... "
" ...... "
ဝေ့ရင်းပြောပြီးသည်နှင့်...လန်ကျန့်ကရုတ်တရက်...မိစ္ဆာမထံသို့ချည်းကပ်၍သွားလေသည်..။ ထို့နောက် မိစ္ဆာမကို ရုတ်တရက်တိုက်ခိုက်လေသည်...။ လန်ကျန့်ကြောင့် ဝေ့ရင်းလဲ ရုတ်တရက်ကြောင်သွားကာ ခဏနေမှမိစ္ဆာမအားတိုက်ခိုက်ရတော့သည်...။ လန်ကျန့်နှင့်ဝေ့ရင်း နှစ်ယောက်ပေါင်းတိုက်ခိုက်သော်လဲ အင်အားမမျှ...။ သူ့နယ်နိမိတ်ဖြစ်နေသဖြင့် မကောင်းသည့်အတတ်များ လွှမ်းခြုံထားရာ မည်သို့မျှနိုင်ဖွယ်ရာမရှိ....။ ထို့ကြောင့် လန်ကျန့်၏လက်ကိုဆွဲကာ တောစပ်သို့ပြေးလာခဲ့ရသည်...။
![](https://img.wattpad.com/cover/167067032-288-k381372.jpg)
YOU ARE READING
ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )
Fanfictionမူလဇာတ်ကြောင်းမှ သွေဖီသော...( လန်ကျန့်+ဝေ့ရင်း ) အခြားလူမပါ " ငါ့ရဲ့ကြင်ယာတော်ဟာ ငါချစ်တဲ့လူဖြစ်နေဖို့ပဲလိုတယ် ငါ့နှလုံးသား ငါ့ဆန္ဒကို ကန့်ကွက်တဲ့လူမှန်သမျှ ....ငါ့ခြေဖ၀ါးအောက် အသက်ရောက်စေရမယ်... " #လန်ဝမ့်ကျီ " ကျွန်...