ယင်း တိုင်းပြည်......၊ တျလီ တိုင်းပြည် ....၊ ချူ တိုင်းပြည်.....နှင့် ချင် တိုင်းပြည်.....တို့သည်အိမ်နီးချင်းတိုင်းပြည်များဖြစ်ကြသည်.....။
တျလီတိုင်းပြည်.......။ အေးချမ်းသာယာသော ....နယ်နိမိတ် နိုင်ငံငယ်လေးတစ်ခု.....
။ မည်သည့်နိုင်ငံကိုမျှ စစ်မခင်း....စစ်မတိုက်......သို့သော်....တွင်းထွက်ပစ္စည်း ကျောက်မြက်ရတနာများ ပေါများလွန်းသော....နယ်မြေ....။ပယ်လယ်နယ်နိမိတ်နှင့် ထိစပ်နေသဖြင့် ရေသယံဇာတများလဲ ပေါများသည်....။ ရေအောက်ရတနာ...ပုလဲဝါ.....ပုလဲနက်....အစရှိသည့် ရှားပါးရတနာများကလဲပေါများလွန်းသဖြင့် အခြားတိုင်းပြည်များက တက်မက်လိုချင်ကြသည်...။
အခြားတိုင်းပြည်များက....အကြိမ်ကြိမ်အခါခါ စစ်ခင်းကြသည်...။ စစ်တိုက်ကြသည်....။ ထိုအထဲတွင် ဟိုးယခင်ရှေးအဆက်ဆက်ကထဲက ရန်သူကဲ့သို့ဖြစ်နေခဲ့သော ချင် နိုင်ငံက တျလီနိုင်ငံ၏ နယ်မြေကိုလိုချင်သည်...။ သိမ်းပိုက်ချင်သည်......။
အခြားနိုင်ငံများထက် အင်အားကြီးမားသော ချင်နိုင်ငံက စစ်ခင်းကာ နယ်ချဲ့လေ့ရှိသည်.....။ တျလီ နိုင်ငံကို စစ်ခင်းရာတွင်မူ....နိုင်ငံပင်သေးငယ်သော်လဲ သွေးစည်းကာ အရည်းအချင်းပြည့်ဝသော ရဲမက်စစ်သူရဲကောင်းများစွာရှိနေသဖြင့်......အနိုင်ရသိမ်းပိုက်ရန်မလွယ်ကူခဲ့ပေ....။
လက်စားချေစိတ်ရှိတတ်သော ဘုရင်....။.
တျလီနိုင်ငံ.....ဘုရင်ကြီး " တျလီ နယမ် ".....။
လွန်ခဲ့သော...နှစ်အနည်းငယ်က တျလီပြည်သို့ ကျူးကျော်တိုက်ခိုက်ခဲ့သော...ချင် နိုင်ငံအား အခဲမကျေသေး....။ထိုအချိန်က အရေးမလှသဖြင့် နှစ်ဖက်စလုံး အထိနာခဲ့လေသည်....။ ထို့ကြောင့် ဘုရင်ကြီးသည် ....တိုင်းပြည်ရှိ....ကလေးငယ်များနှင့် ...သက်ကြီးရွယ်အိုများမှလွဲ၍လူရွယ်လူငယ်
ယောက်ျားသားများအားလုံး ကိုစစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်ထားသည်.....။
YOU ARE READING
ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )
Fanfictionမူလဇာတ်ကြောင်းမှ သွေဖီသော...( လန်ကျန့်+ဝေ့ရင်း ) အခြားလူမပါ " ငါ့ရဲ့ကြင်ယာတော်ဟာ ငါချစ်တဲ့လူဖြစ်နေဖို့ပဲလိုတယ် ငါ့နှလုံးသား ငါ့ဆန္ဒကို ကန့်ကွက်တဲ့လူမှန်သမျှ ....ငါ့ခြေဖ၀ါးအောက် အသက်ရောက်စေရမယ်... " #လန်ဝမ့်ကျီ " ကျွန်...