Chapter - 2

452 46 1
                                    

သူ့ရှေ့မှာ ရှိနေတဲ့ မှန်သားပြင်ကို ကြည့်ရင်း Lee Taeyong ဒေါသတွေပေါက်ကွဲနေတယ်
မှန်သားပြင်ပေါ်က  မြင်နေရတဲ့သူ့မျက်နှာ!!
မျက်နှာထက် နှုတ်ခမ်းနားက အညိုကွက်...
မွေးကတည်းက ဘယ်သူမှလက်ဖျားနဲ့တောင်မထိရဲတဲ့သူ့ကို ပေါက်လွတ်ပဲစားကောင်က လူအများရှေ့မှာ image ကျအောင် လုပ်သွားတာကို တွေးရင်း မခံမရပ်နိုင်ဖြစ်နေသည်
Lee Taeyong က သူ့ကို အာခံချင်တဲ့ သူတွေကို ဘယ်လို ပညာပေးတက်တယ်ဆိုတဲ့အကြောင်း
အဲ့ဒီကာင်လေးဟာ မသိခဲ့ဘူးထင်တယ်

ခုံမှာထိုင်ရင်း မှန်ကိုကြည့်ကာ အံတကြိတ်ကြိတ်ဖြစ်နေတဲ့ Taeyong ကို အနားမှာ ဘီလိယက်ထိုးနေကြတဲ့ Yuta နဲ့  Johnny က သတိထားမိပြီး အချင်းချင်းမျက်စပစ်နေကြတယ်

"မင်း ဘာဖြစ်နေတာလဲ Taeyong"

Yuta က စကားစတယ်

"ညနေက ကိစ္စကို မကျေမချမ်းဖြစ်နေတာလား"

Johnny က ဘီလိယက်ခုံထက်က ဘောလုံးလေးတစ်လုံးကို ဘီလိယက်တံနဲ့လှမ်းချိန်ရင်းမေးတယ်

"မင်းတို့ ဘဝမှာ ငါ့ကို ဒီလိုလုပ်ရဲတဲ့လူ ဘယ်နှစ်ယောက်များမြင်ဖူးခဲ့လို့လဲ"

"ကောင်လေးက ကျောင်းသားအသစ်ထင်တယ်"

"ဟိုပေါက်လွတ်ပဲစားကောင်ကတော့ ငါတို့ကျောင်းကမဖြစ်နိုင်ဘူး"

Johnny ထင်မြင်ချက်ကို Taeyong ကဆက်ရင်း မျက်ခုံးတွေတွန့်ကွေးပြီးဆက်ပြောတယ်

"တွေ့ကြသေးတာပေါ့ ငါကိုထိရင် ဘယ်လိုဖြစ်တက်တယ်ဆိုတာလေး ပြပေးရမယ်"

Taeyong ကပြောရင်း နံဘေးကဖုန်းကိုယူပြီး နံပါတ်တစ်ခုကိုခေါ်လိုက်တယ်

"ဟိတ်ကောင်တွေ လူတစ်ယောက်ကိုရှင်းရမယ်"

Taeyong က သူ့ကို ရန်လိုတဲ့သူတိုင်းကို အုပ်စုဖွဲ့ပိုက်ဆံပေးပြီး ဒုက္ခပေးတက်တယ်။

"ဒီတစ်ခါ ငါပါ ပါမယ် ငါ့လက်နဲ့ကိုယ်တိုင်ရှင်းမယ်"

တခြားသူတွေကို ပိုက်ဆံပေးပြီး လုပ်ခိုင်းတက်ပေမယ့် သူကိုယ်တိုင်တော့တစ်ခါမှမပါဝင်တက်သည်မို့ Yuta နဲ့Johnny အံ့သြနေတယ်။ ကျောင်းက သာမန်ရန်ပွဲလေးတွေမဟုတ်ပဲ အပြင်မှာ အုပ်စုဖွဲ့ရန်ဖြစ်တယ်ဆိုတာ တခြားလူတွေသိသွားရင် Neo လုပ်ငန်းစုဆက်ခံသူတစ်ယောက်အတွက် မကောင်းဘူးလေ။

Stand By MeWhere stories live. Discover now