Chapter - 8

309 39 0
                                    

Jaehyun မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာ မရင်းနှီးတဲ့ပတ်ဝန်းကျင်။
ဘယ်ကိုရောက်နေလဲ သူမမှတ်မိတော့တာမို့ ဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်တော့ ဆေးရုံဖြစ်နိုင်တယ်။
လက်မှာတပ်ထားတဲ့ဆေးသွင်းထားတဲ့ အပ်တွေကိုပါတွေ့လိုက်ရတယ်။

အဲ့တာအပြင် ဘေးနားက ဆိုဖာမှာ အိပ်နေတဲ့ဟိုသူဠေးသားကောင်။
Jaehyun မှတ်မိသလောက် ညက သူ့ကို ဘားကနေအိမ်ပြန်လိုက်ပို့ပေးရတာ။
ပြီးတော့ သူကားရပ်ခိုင်းတော့ Jaehyun အိပ်ပျော်သွားတယ်။
နောက်ထပ် သိတစ်ချက်မသိတစ်ချက်တွေက Jaehyun ရဲ့ driver seat ကို သူပြောင်းလာပြီး Jaehyun ကိုလည်းနေရာရွေ့ပေးခဲ့သလိုပဲ။
ပြီးတော့ Jaehyun ကို သူက မနိုင်မနင်း ကျောပိုးသယ်ခဲ့တာရော။
မသဲမကွဲမှတ်မိသလောက်ပြန်စဉ်းစားရင်း နာရီကိုကြည့်လိုက်တော့ ဆယ်နာရီကျော်နေပြီ။

သွားပြီ။ ကျောင်းနောက်ကျနေပြီ။ မနက်ပိုင်း သတင်းစာပို့တဲ့အလုပ်ရော။သွားပြီ။
ဒါနဲ့သူ့ဖုန်း။သတင်းစာပို့တဲ့အလုပ်က သူဠေးကတော့ စိတ်ဆိုးနေတော့မယ်။ဘားက Manager hyung ရောပဲ။

လက်က အပ်ကိုဆွဲဖြုတ်ပြီး ကုတင်ပေါ်က ဆင်းပြီး ဖုန်းကိုရှာနေတုန်း သူဠေးသားကောင်က နိုးလာတယ်။

"မင်း အဖျားကျသွားပြီလား"

အပျင်းကြောဆန့်ရင်းမေးတယ်။

"ငါ့ ဖုန်း"

"ဒီမှာ"

သူ့ဘောင်းဘီ အိတ်ထဲကနေ Jaehyun ဖုန်းကိုထုတ်ပေးလာတယ်။

Call Log တွေကြည့်လိုက်တော့ Manager  Hyung ဆီကရယ် မနက်ပိုင်းကခေါ်ထားတဲ့ သတင်းစာပို့တဲ့အလုပ်က သူဠေးဆီကရယ်။

"မင်း ဒီဖုန်းတွေကို ကိုင်လိုက်တာလား"

"အင်း
အဲ့ဒီ့သူဠေးဆိုတဲ့ ဘဲက ကျက်သရေသိပ်တုံးတာပဲ
မင်း နေမကောင်းလို့ ဒီနေ့တစ်ရက်ခွင့်ပေးပါဆိုတာ စကားပြောတာရင့်လာလို့ ငါပြန်ဆဲပေးလိုက်သေးတယ်"

Jaehyun ခေါင်းတွေပေါက်ထွက်မတက်ကြီးသွားတယ်။
ဒီကောင် ဘာလို့ သူများကိစ္စကိုဝင်ပါရတာလဲ။
သူဠေးက အပြောအဆိုကြမ်းတာတော့ဟုတ်ပေမယ့် Jaehyun အလုပ်ပြုတ်လို့မရသေးဘူးလေ။

Stand By MeWhere stories live. Discover now