Jaehyun အလုပ်မဆင်းနိုင်သေးတဲ့အချိန်တွေမှာ စားသောက်ဆိုင်မှာ လူကျပြီဆို Win Win တစ်ယောက်တည်း ပျာသီးရိုက်နေတက်တယ်။
ညဘက်ဆိုင်ပိတ်ချိန်မှ ဆိုင်သန့်ရှင်းရေးကို တဖြည်းဖြည်းလုပ်ရင်း ညောင်းညာသမျှဖြေရတော့တယ်။"အခုချိန်ထိ Yuta နဲ့ပက်သတ်တဲ့ သတင်းတွေကတက်လို့ကိုမဆုံးဘူး!
Winnie လေး!! Yuta ရော ကျောင်းမှာအဆင်ပြေရဲ့လား သူစိတ်ဓာတ်ကျနေတဲ့ပုံပေါ်နေလားဟင် ကျောင်းရောလာရဲ့လား"အမ Jisoo က ငွေရှင်း ကောင်တာမှာထိုင်ရင်း ဖုန်းကြည့်နေရာက ကြမ်းတိုက်နေတဲ့Win Winကိုလှမ်းမေးတယ်။
Yuta ဆိုတဲ့ နာမည်ကြားလိုက်ရုံနဲ့ရင်ဘတ်ကြီးကတဒိတ်ဒတ်။"မသိဘူးလေ ကျွန်တော်တို့က အခန်းတူတာမှမဟုတ်ပဲ"
"စိတ်ညစ်ပါရဲ့ ဘယ်လို လူကများ ဒီလို video ကို net ပေါ်တင်ရတာလဲ ဒီလောက် နွေးထွေးတဲ့ ငါတို့ရဲ့အိုဆာကာမင်းသားလေးကို ဘယ်လိုလူတွေကများမုန်းတီးနေရတာလဲ"
//အင်တာနက်ပေါ်မှာပျံ့နေတဲ့ video file ကိုမင်းမသိဘူးပေါ့ မင်းမရိုက်ခဲ့ဘူးပေါ့//
အမ Jisoo ပြောနေတာတွေနားထောင်ရင်း Yuta စကားသံတွေက နားထဲ အစီအရီပြန်ဝင်လာတယ်။
video file!!!??
"ဘာ video လဲ noona"
"Winnie လေးမသိသေးဘူးလား ဒီလောက်တစ်နိုင်ငံလုံးမှာ လူပြောများနေတဲ့အကြောင်းကို!
အဲ့တာကြောင့် SNS တွေသုံးပါလို့ ပြောတာပေါ့ ဒီမှာလာကြည့်"အမ Jisoo ကမ်းပေးတဲ့ဖုန်းကို လှမ်းယူပြီး screen ပေါ်က video လေးကိုဖွင့်ကြည့်လိုက်တော့
ဟိုတစ်လောက သူအမိုးပေါ်မှာတွေ့ခဲ့ရတဲ့ မြင်ကွင်းအတိုင်း Yuta နဲ့ကျောင်းသူတစ်ယောက် မိုးမမြင်လေမမြင် အနမ်းမိုးတွေကျဲနေတဲ့ video!
တစ်စုံတစ်ယောက်က ခိုးရိုက်ထားပုံရတဲ့ ဒီ video ကို သူ မလုပ်ခဲ့တာတော့သေချာပါတယ်
Yuta အထင်လွဲနေတာကို Win Win အခုမှပဲသေချာသိသွားတော့တယ်"Yuta က အရင်ကတည်းက ပွေရှုပ်တယ်ဆိုပြီး ကောလဟာလတွေထွက်ဖူးပေမယ့် ဒီလို သက်သေနဲ့တကွထွက်လာတာမျိုးက ဒါပထမဆုံးပဲ"
YOU ARE READING
Stand By Me
Fanfiction-Jaeyong -Yuwin -Lee Taeyong -Jung Jaehyun -Nakamoto Yuta -Win Win -Johnny -Ten Chittaphon