"မင်း ဒီကိစ္စကို ဘယ်လိုလုပ်မလဲ ဟမ် Yuta!"Yuta ရှေ့က မှန်စားပွဲထက်ကို သူ့ပုံပါ ဂျာနယ်၊သတင်းစာတွေကို ဖခင်ဖြစ်သူက ပစ်ချလိုက်ရင်း ဒေါသပုန်ထနေတယ်
ဖခင်ဖြစ်သူ ဘာကို စိတ်တိုနေလဲဆိုတာ Yuta သိပါတယ်
သူကိုယ်တိုင်လည်း မနေ့ညက Social Media တွေပေါ်မှာ တွေ့ခဲ့ပြီးပြီလေ။
သူနဲ့ Seoyoung ရဲ့ မိုးမမြင်လေမမြင်နှုတ်ခမ်းတွေပေါက်ထွက်မတက် ကဲနေကြတဲ့ video clip တစ်ခု။
တစ်နေရာကနေ ချောင်းရိုက်ထားတာမို့ ကြည်လင် ငြိမ်သက်ခြင်းမရှိပေမယ့် Nakamoto Yuta ဆိုတာတော့ သူ့ကို သိသူတိုင်း သေချာသိနိုင်တယ်။"ငါ့ Entertainment နဲ့ ငါ့သိက္ခာတွေ ရစရာမရှိအောင် မင်းလုပ်ပစ်လိုက်တာပဲ Yuta"
Yuta ခပ်ချဉ်ချဉ်ပြုံးမိတယ်။
အဖေဆိုတဲ့လူရယ်။
သူနဲ့တစ်ပတ်တစ်ခါညစာတောင်အတူမစားဖူးတဲ့အဖေဆိုတဲ့လူက သူ့ အလုပ်ကို ထိခိုက်မယ့်ကိစ္စလုပ်တဲ့အချိန်မှသားဖြစ်သူကိုလာတွေ့သည်တဲ့။"ဒါက သာမန် video clip လေးပါ အိပ်ရာထက်က ပုံရိပ်တွေပါတဲ့ HD မှမဟုတ်တာ Nam သူဠေး!"
Yuta ရဲ့မခန့်လေးစား စကားကြောင့် သူ့ဖခင်က စူးရဲစွာပြန်ကြည့်တယ်
ထို ပုဂ္ဂိုလ်ဟာ ဖခင်ဖြစ်ပြီး သူကတော့ သားဖြစ်တယ်ဆိုတာ အခြားလူတွေအမြင်နဲ့သူမွေးထဲကဖြစ်တည်နေပြီးသား ပက်သတ်မှုတစ်ခု။
အခေါ်အဝေါ်နဲ့ရင်ထဲကနှလုံးသားအသိကတော့ Nam သူဋ္ဌေးနဲ့ Tech Entertainment က Idol Yuta ပေါ့။"မင်းလုပ်ချင်တာလုပ် နေချင်သလိုနေမယ်ဆိုလည်း media ပေါ်မပေါက်ကြားအောင်နေဖို့ ငါဘယ်နှစ်ခါပြောရမလဲ"
One Night Stand သာမက တွေ့ရာမိန်းမနဲ့ကဲနေတဲ့ သားကို ဖခင်တစ်ယောက်က ဆုံးမရမယ့်အစား
Entertainment အတွက် ၊ သူ့အတွက် Idol သိက္ခာမကျဖို့ရာပြောနေသည်တဲ့လား။
Yuta ရင်ထဲမှာတော့ ပူလောင်နေပေမယ့် လွယ်လွယ်မျက်ရည်မကျတက်တော့တာမို့
မဟုတ်ဘူး
ကျစရာမျက်ရည်မရှိတော့တာမို့ ထိုင်ရာကထပြီး အခန်းထဲက ထွက်လာခဲ့တယ်။အနောက်က ကျန်ရစ်ခဲ့တဲ့ဆိုတဲ့သူဆီက စကားမဆုံးသေးတာမို့ ပြန်လာခဲ့ဖို့ အမိန့်ပေးသံတွေကို တံခါးကို ကျယ်လောင်စွာပိတ်ရင်း လစ်လျှူရှုခဲ့တယ်။
YOU ARE READING
Stand By Me
Fanfiction-Jaeyong -Yuwin -Lee Taeyong -Jung Jaehyun -Nakamoto Yuta -Win Win -Johnny -Ten Chittaphon