Chapter - 6

312 38 9
                                    

"အခု နော် အခုချက်ချင်း ငါစောင့်နေတယ်
ဒါပဲနော်"

//မဟုတ်! နေ...-နဦးလေ...//

ကျွန်တော်ပြောချင်တာပြောပြီး သူ့ဆီကတုန့်ပြန်သံတွေကိုနားထောင်စရာမလိုတော့တာမို့ ဖုန်းချလိုက်တယ်။
ချစ်စရာတော့ကောင်းသား။
တစ်ခြားကျောင်းသားတွေသာဆို ဟုတ်ကဲ့ ဆိုပြီး အမိန့်နာခံမှာပဲ။ဒီကျောင်းမှာ ကျွန်တော်တို့ သုံးယောက်ဆို ရောချင်တဲ့သူတွေကခပ်များများလေ။
ဒီကောင်လေးကျမှ အမြဲ ငြင်းဆန်ဖို့ကြိုးစားချင်နေသေးတာ သတ္တိလည်းရှိတာမဟုတ်ပဲ။အဟက်!

ဒီလိုကောင်လေးနဲ့သိခွင့်ရတာ တော်တော်လေးတော့ကောင်းပါတယ်။
ဘောပင်ကျန်ခဲ့လိုလာပို့ပေးပါ။ဗိုက်ဆာလို့ မုန့်လေး ဝယ်လာပေးပါ။သတင်းထောက်တွေကျောင်းထဲရောက်နေလို့ အကြောင်းမျိုးစုံနဲ့ညာပြီး သူ့ကို ဖုန်းဆက်ခေါ်ရတာ ပျော်စရာကောင်းသား။
schdule တွေက လည်းနားထားရတော့ ကျောင်းမှာအတန်းမရှိတဲ့အချိန်တွေဆို ဘာမှလုပ်စရာမရှိ။
မရှိမယ့်ရှိမယ့် သူငယ်ချင်းလေးနှစ်ယောက်မှာလည်း Johnny က မိသားစုတွေ့ဆုံပွဲရှိလို့ဆိုပြီး US ပြန်သွားတယ်။
Taeyong ကလည်း သူ့အဖေနဲ့ပွဲတွေအတူတက်ပေးနေတာနဲ့ကျောင်းတောင်မလာနိုင်ဘူး။

ဒီလိုကျတော့ နွေးထွေးတဲ့မိသားစုမရှိတဲ့ကျွန်တော့် ဘဝက ကောင်းသားပဲလို့ ခပ်ချဉ်ချဉ်တွေးမိတယ်။

ဟော သူလာပြီ။ပျော်ဖို့ကောင်းမယ်ထင်ခဲ့တာအမှန်ပဲ။
ငါးမိနစ်အတွင်းရောက်အောင်လာခဲ့ဆိုတာ တကယ် ငါးမိနစ်ကိုစွန်းရုံပဲ။
ဖရိုဖရဲပြေးလာရင်း Necktile ကိုစည်းနေသေးတယ်။အင်္ကျိကြယ်သီးတွေကလည်း အပြည့်မရှိဘူး။အူတူတူပုံနဲ့တကယ်ရယ်ရတယ်။
နေပါအုံးသူက ဘယ်ကနေလာရတာမို့ အဝတ်အစားကို အခုမှသေချာဝတ်နေရတာလဲ။

သူ မြင်သွားတော့ ကျွန်တော်လက်မြှောက်ပြလိုက်ပြီး အလှဆုံးပြုံးပြလိုက်တယ်။ဒီအပြုံးကို ကောင်မလေးတွေက လူသတ်လက်နတ်လို့ခေါ်ကြတယ်။
အဟက်!!မင်းကိုလွယ်လွယ်ကြည့်ခွင့်ပေးထားတာ မင်းသိပ်ကံထူးတာကောင်လေးရဲ့။

"မောသွားပြီလား"

ကျွန်တော်မေးတော့ သူက လေကို အတင်းရှူသွင်းနေတယ်။
မနားတမ်းပြေးလာခဲ့တဲ့ပုံပဲ။

Stand By MeWhere stories live. Discover now