Zawgyi
ည ၇ နာရီအချိန်...။
မိုးအရမ်းချုပ်တယ်လို့မခေါ်နိုင်ပေမယ့်..
ကိုယ့်နိုင်ငံမဟုတ်တော့..စိတ်ထဲ..
နည်းနည်းစိမ်းသက်နေသလို..။ဒါပေမယ့်..ကိစ္စတော့မရှိ..။
သုံးလမ်းသာ ခြားသည့်..အိမ်ရှိရာကို..
မြန်မြန်ခပ်သုတ်သုတ်လျှောက်သွားရင်..
၁၀ မိနစ် ထဲနဲ့..အိမ်ပြန်ရောက်သွားမည်..။လမ်းနံဘေးတောက်လျှောက်...ပေါက်နေတဲ့..
ဆာကူရာပင်တွေကို..ဟိုးငေးဒီငေးနဲ့..
လျှောက်ရင်..၁၀ မိနစ်ဆိုတာ..
ခဏလေးရယ်..။ဒါပေမယ့်..ကျွန်တော့်အတွေးတွေဟာ..
သင်တန်းတိုက်အောက်မှာ..အသင့်စောင့်ဆိုင်း
နေတဲ့..တစ်ယောက်သောသူကို..တွေ့တဲ့အခါ..
အားလုံးပျောက်ရှကုန်တယ်...။"Yeol...!"
သင်တန်းတိုက်ရဲ့..လှေကားအပေါက်ဝတည့်
တည့်က..အပင်ကြီးအောက်မှာ...
လက်နှစ်ဖက်ကို..ဘောင်းဘီအိတ်ထဲ
ထည့်..။သူ့သင်တန်းကိုလွယ်လွယ်သွားလေ့ရှိတဲ့..လွယ်
အိတ်အမဲကြီးကို..ဘေးတစ်စောင်းလွယ်
ထားတဲ့...ကျွန်တော့်ချစ်သူရယ်လေ..။ကျွန်တော်တိုက်ပေါ်ကဆင်းအလာကို..
စောင့်နေသတဲ့..။" ကျွန်တော့်ကို..လာကြိုတာလား..?"
"မင်းကို..လာမကြိုရင်..ငါကဒီမှာတစ်ခြား
လာကြိုရမယ့်လူရှိလို့လား..""ဟော်..! ဘုကလန့်ကပြောပြန်ပြီ..
ကျွန်တော့်ကို..လာကြိုတယ်ဆိုရင် လာကြိုတယ်ပေါ့.."စကားကို ကန့်လန့်တိုက်ပြောနေပေမယ့်..
ကိုယ်က ချစ်နေရတော့လဲ...
ချစ်စရာကြီးလို့သာ..ထင်မြင်မိပြန်သည်...။မျက်စောင်းလေးအသာထိုးပြီး..သူ့ဘေးနား
အပြေးကပ်လိုက်တော့လဲ...
လက်ဖ၀ါးပြင်ကြီးတစ်ဖက်က..နွေးထွေး
စွာ..ကြိုဆိုပေးလေသည်..။"မနေ့ကတည်းက..လာကြိုချင်ပေမယ့်..
သင်တန်းချိန်မမှီလို့သာ..
ဒီနေ့တော့...စောစောဆင်းပြီး..လာခဲ့တာ..""အွန်း.."
တစ်ယောက်တည်း..အိမ်ပြန်ရတော့မယ်လို့..
ဝမ်းနည်းမိသမျှ..အခုတော့လဲ..
အငွေ့ပျံသွားသလို...။
YOU ARE READING
Hana Season - 2 [ Completed ]
Historical Fictionမြတ်နိုးမိတဲ့ ပန်းကလေးတစ်ပွင့်.. နှင်းဆီပန်းဖြူဖြူလေးတွေနဲ့ တင်စားမိတယ်.. ကိုယ့် နှလုံးအိမ်ထဲ ထာဝရခိုလှုံနေလှည့်ပါ ချစ်သော နှင်းဆီဖြူငယ်.. Cover by Asuna Park ❤