Zawgyi
"လာခဲ့စမ်း...မင်းမကြောက်..အာဏာမကြောက်
ကိုယ်..လုပ်ချင်တာ..လုပ်တဲ့ဟာလေး..""အစ်ကို...မှားမယ်နော်..!
အခု..ဘာမှ ဖြစ်မလာလို့တောင်..အိမ်ပြန်လာ
နေပြီကို လေ...ရိုက်ရင်..အကြီးကြီးမှားသွားမှာ
နော်..""အောင်မယ်..မဖြစ်လာလို့...တော်သေးတာပေါ့
ဖြစ်များ...ဖြစ်လာခဲ့ရင်...သေပြီလေ...!!!"တုတ်တစ်ချောင်းကိုင်ဆွဲပြီး..
ခြေသလုံးသားဖြူဖြူကို...ရိုက်ရန် အကြံနဲ့..
အနောက်က လိုက်နေသော..Lu Han hyung
ကြောင့်....၀တ်ရုံကို..အသာမကာ..လွှားခနဲ လွှားခနဲ..
ခုန်ပြီး..အိမ်ထဲ...ဟိုနေရာဒီနေရာ...
ပြေးလွှားနေရသည်..။ကျွန်တော်ကလဲ ...ကျွန်တော်..
သေဒဏ်မကြောက်..ဘာမကြောက်...
နဲ့..ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်လုပ်ခဲ့
တာကိုး..။
အစ်ကိုတော် လိုက်ရိုက်နေတာတောင်..
နည်းသေးတယ်လို့ပဲ ပြောရမလား...။ဒါပေမယ့်..အချစ်အတွက်..စွန့်စားခဲ့တာမို့..
တန်သည်လို့ပဲ..ပြောချင်ပါသည်...။သုံးနှစ်မှတစ်ခါ..ဘေးတစ်စောင်းမော်ဖူးရသည့်
မျက်နှာတော်လှလှကို..အနီးကပ်မြင်ချင်လွန်းလို့..
ဘုရားကျောင်းမှာ...သူ့ကို..ပန်းဆက်သရ
သည့်..နေရာမှာ..အရွေးခံခဲ့ရသည့်...
သူငယ်ချင်းအစား...
နေရာလဲလှယ်ကာ..အချစ်အတွက်..
လူစွန့်စားလုပ်လာခဲ့လို့ ..အခူဆိုရင်..
အချစ်ရဲ့ မျက်နှာတော်လှလှက..
ထင်ထားတာထက်တောင်..ချောမော လှပ
နေတဲ့ အကြောင်းခြင်းရာတစ်ခုကို..
သိရှိခွင့်ရခဲ့တယ် မလား...။ဘယ်လိုပဲ ဆိုဆို...တော်တော်လေးတန်လှပါသည်..။
ဆိုးတာလေးတစ်ခုက..နေရာလဲ ပေးခဲ့သည့်..
သူငယ်ချင်းက..စိတ်ပုတ်ပြီး..အစ်ကိုတော့်ဆီ
ပြန်တိုင်မယ်လို့..မထင်ခဲ့တာ လေးပဲ....။
အခုတော့....အစ်ကိုတော့်ဆီမှာ...ဆူပူကြိမ်း
မောင်းခံရရုံမက...တစ်ခါမှ လက်နဲ့မရွယ်ဖူးသည့်လူက..တုတ်ကြီးတကားကား ကိုင်ပြီး လိုက်ရိုက်နေသည်လေ...။"အချစ်ရူးကောင်...လာခဲ့စမ်း...!
ရပ်လိုက်တော့နော်...ဆက်ပြေးနေရင်...
ငါတစ်ကယ်စိတ်ဆိုးတော့မှာ..."

KAMU SEDANG MEMBACA
Hana Season - 2 [ Completed ]
Fiksi Sejarahမြတ်နိုးမိတဲ့ ပန်းကလေးတစ်ပွင့်.. နှင်းဆီပန်းဖြူဖြူလေးတွေနဲ့ တင်စားမိတယ်.. ကိုယ့် နှလုံးအိမ်ထဲ ထာဝရခိုလှုံနေလှည့်ပါ ချစ်သော နှင်းဆီဖြူငယ်.. Cover by Asuna Park ❤