Hana 4..

3.6K 614 107
                                        

Zawgyi

နာရီသံ တစ်ချောက်ချောက်မြည်နေတာကလွဲရင်
သက်ရှိ သက်မဲ့ အသံအားလုံး တိတ်ဆိတ်နေသလို...

မျက်လုံးဖွင့်လိုက်သည်ပဲ ဖြစ်ဖြစ်..
မျက်လုံးမှိတ်လိုက်သည်ပဲ ဖြစ်ဖြစ်..
မြင်မြင်သမျှ..အမှောင်အတိကျနေသည်...။

ခေါင်းရင်းမှာ ချထားသည့်..ဖုန်ူးကို..
ကြည့်လိုက်တော့လဲ..ည၁၁ နာရီခွဲဖို့.ငါးမိနစ်သာ
လိုတော့သည်..။

အိပ်စက်အနားယူဖို့အတွက်..သင့်တော်တဲ့
အချိန်တစ်ခု ဖြစ်နေပေမယ့်..
အိပ်စက်ဖို့စိတ်ကူးရှိပုံ မရသည့်..မျက်လုံး
တို့က...
မှိတ်လိုက်..ဖွင့်လိုက်နဲ့..တော်တော်လေး
အလုပ်ရှုပ်နေသည်...။

မနက်ကျရင်သင်တန်းရှိတာမို့..အိပ်ရာစောစော
ဝင်ခဲ့ပေမယ့်လဲ..ဒီ အချိန်ထိ..အိပ်မပျော်သေး..။

အိပ်မပျော်သေးဆိုတာထက်..အိပ်လို့မရသေးတာ
ဆိုရင်ပိုမှန်မည်..။

ဟိုလှိမ့်ဒီလှိမ့်လူးလွန့်နေမိတာ..
ကြာတော့..ကိုယ့်အဖြစ်ကိုယ်..သနားလွန်းလို့
ငိုချင်လာမိသည်..။

အိပ်မပျော်နိုင်လောက်တဲ့အထိ...တွေးတော
စရာ မရှိခဲ့တဲ့ အေးချမ်းတဲ့ဘ၀လေးထဲမှာ..
အခုတော့ ကောင်လေးတစ်ယောက်ကြောင့်
တွေးတောစရာ ရှိလာခဲ့တာကို...
စဉ်းစားရင်းရူးချင်လာမိပြန်သည်..။

"ဆရာ နှင်းဆီဖြူတွေ ကြိုက်တတ်တာကို
သိလို့..ကျွန်တော် နှင်းဆီ ဖြူတွေကို..
တမင်ယူလာခဲ့တဲ့..အကြောင်းသိချင်လား..?"

"ဟာကွာ......!"

ထွက်လေ၀င်လေ မှန်မှန်ရှူပြီး...အိပ်ပျော်
အောင် ကြိုးစားအိပ်မည်...ကြံလိုက်ခါမှ ..

ကြည်လင်းရှင်းမြသော အသံတစ်ခုနဲ့...
မှဲ့နက်ကလေး ကွေးညွတ်သွားအောင် ပြုံးပြ
နေသည့်...အပြုံးတစ်ပွင့်ရယ်က..
အာရုံငါးပါးထဲ..လွှမ်းမိုးလာခဲ့ပြန်တော့...

ရုတ်တရက်..ထထိုင်မိလိုက်သည်...။

သို့သော်ကံဆိုးစွာနဲ့ပင်...
ထ ထိုင်လိုက်ခါမှပဲ...
ထိုကောင်လေးရဲ့...စကားသံတစ်ချို့ကို...
ထပ်ပြီး ကြားယောင်မိပြန်သောအခါ...
ယောင်တောင်တောင်နဲ့..နှလုံးသားတည်ရှိရာကို
လက်နဲ့..စမ်းလိုက်မိသည်..။

Hana Season - 2 [ Completed ]Donde viven las historias. Descúbrelo ahora