Zawgyi
ဒီနေ့က သင်တန်းပိတ်ရက်ဖြစ်တာကြောင့်...
သွားစရာ လာစရာ ရေရေရာရာ ရယ်လို့ မရှိပဲ..
ကိုယ်နေတဲ့ ရပ်ကွက်ထဲမှာ..
ရပ်ကွက်ထိပ်က..ကလေးကစားကွင်း
ထဲ သွားပြီး...ကလေးငယ်ငယ်တွေ ဆော့ကစား
တာ..ကိုထိုင် ကြည့်လိုက်..ရေခဲချောင်းကိုက်ပြီး...ပန်းခြံထဲ..
ဟိုလျှောက်သွား..ဒီလျှောက်သွားလုပ်လိုက်နဲ့..
အချိန်တော်တော်လေး..ကုန်ခဲနေသည်...။အချစ်မျက်နှာ..တစ်ခုတည်းကြည့်ပြီး..
ဒီကို လာခဲ့တာ..ဖြစ်တာမို့...
တစ်ခြားလုပ်စရာဘာမှ..မရှိတာ..လဲ..အခက်
သား..။
ကိုရီးယားမှာဆိုရင်..အချိန်နဲ့အမျှ..အလုပ်ရှုပ်နေတတ်တဲ့..CEO ပေါက်စလဲ..
အချစ်ကြောင့်နဲ့..သူများနိုင်ငံမှာ...
တစ်ယောက်တည်း...ယောင်တောင်ပေါင်
တောင်..အလုပ်အကိုင်မရှိ..ဖြစ်နေရတာ..
နည်းနည်းတော့..ရယ်စရာကောင်းနေသည်..။ဒါပမေယ့်လဲ..၀မ်းမနည်းပါ....။
အချစ်သာရှိနေရင်..ပျင်းရိရခြင်း..အရေးကိစ္စကိုလဲ..
အသာလေး..ကျော်လွှားပစ်နိုင်ပါသည်...။သို့သော်..ကံတရားကြီးက...
ကျွန်တော်တစ်ယောက်တည်း..ပိတ်ရက်မှာ...
ပျင်းရိပျင်းတွဲ ..ဖြစ်နေတာကို...
ဆက်ပြီး...မကြည့်ရက်တော့လို့..ထင်ပါရဲ့...။ဒီနေ့တော့..သူ့ဘာသာသူ အေးအေးဆေးဆေး
နေပါစေ
သွားမနှောင့်ယှက်ပါဘူးလို့..လုပ်ထားကာမှ...အချစ်ကြီးသည်..ကျွန်တော့်ရှေ့တည့်တည့်ကို..
မှ...
ရောက်ရှိလာခဲ့သောအခါ..
ကျွန်တော့်ရဲ့..နေ့လည်ခင်းလေး..
ရုတ်တရက်သာယာသွားခဲ့သည်...။ကျွန်တော်ကသာ...ပျော်နေရတာ..။
အချစ်ကတော့...ကျွန်တော့်ကို..မြင်တာနဲ့..
မျက်စောင်းတော်လှလှ တစ်ချက်ထိုးနေသည်..။စိမ်းကားရက်လိုက်တာလို့..အပြစ်မြင်လိုက်
ချင်ပေမယ့်လဲ..ဒါဟာ..သူ့စတိုင်ဖြစ်နေတာမို့လို့
ဘာရယ်ညာရယ်တွေးမနေတော့ပဲ...
သူ့ကို တွေ့ကတည်းက...သူ့ဘေးနားလေးမှာ
ပဲ...ကပ်နေလိုက်တော့သည်..။ပန်းခြံ ထဲ..ဟိုလျှောက်သွား..ဒီလျှောက်သွား
လုပ်နေရမှာထက်စာရင်...
ကော်ဖီဆိုင်ထဲဝင်ပြီး...ထိုင်နေတာကမှ..
ဇိမ်ရှိဦးမည် ဆိုသော..အတွေးကြောင့်...
ကော်ဖီတစ်ခွက်ဝင်သောက်ဖို့...
ပြင်လိုက်မိတာက...ကျွန်တော့်ကို..အချစ်နဲ့
တွေ့ဆုံဖို့ရာ..လမ်းကြောင်းပေါ်ကို..
ဆွဲတင်ပြီးသားဖြစ်သွားခဲ့လေသည်...။

KAMU SEDANG MEMBACA
Hana Season - 2 [ Completed ]
Fiksi Sejarahမြတ်နိုးမိတဲ့ ပန်းကလေးတစ်ပွင့်.. နှင်းဆီပန်းဖြူဖြူလေးတွေနဲ့ တင်စားမိတယ်.. ကိုယ့် နှလုံးအိမ်ထဲ ထာဝရခိုလှုံနေလှည့်ပါ ချစ်သော နှင်းဆီဖြူငယ်.. Cover by Asuna Park ❤