Love Me If You Dare

4.5K 458 17
                                    

အချိန်ကြာလာသည့်အမျှ BaekHyun အကြောင်းပိုသိလာပြီး BaekHyun သည်လည်း သူငယ်ချင်းများများစားစား မရှိသည်ကို သတိထားမိလာသည်။
တစ်ချို့ သူငယ်ချင်းများက မေးထူးခေါ်ပြော အဆင့်သာရှိပြီး BaekHyun ထဲထဲဝင်ဝင်ပေါင်းသော သူငယ်ချင်းမှာလည်း နှစ်ယောက်၊ သုံးယောက်ပင် မပို။

ထိုအထဲတွင်တော့ ညီဝမ်းကွဲဆိုသူ Oh SeHunက ချွင်းချက်ဖြစ်သည်။ ChanYeol တွင် အပေါင်းအသင်းမရှိဟု ဆိုသော်ငြား ChanYeolက မည်သူ့ကိုမျှ မသိဟု မဆိုသာ။

အထူးသဖြင့် တစ်ခန်းထဲရှိ ကျောင်းသားကျောင်းသူများအား နာမည်နှင့်လူပါ တွဲမိသော်လည်း ဒီအတိုင်း မခေါ်၊ မပြောချင်၍သာ အဆက်အဆံမလုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ChanYeol...တစ်ခန်းတည်းနေ Oh SeHunကို သိနေသည်ကား မဆန်း။ ထိုအနှီကိုယ်တော်သည်လည်း သူ့ကဲ့သို့ပင် သူငယ်ချင်းမရှိ။ အခန်းထဲ၌ ရုပ်တည်ကြီးနှင့် ငုတ်တုပ်ထိုင်နေတတ်သော သူဖြစ်ပေသည်။

BaekHyunကား SeHunအား အမြဲတစေ မကောင်းပြောနေတတ်သော်လည်း သူ့ညီငယ်ကိုတော့ ဂရုစိုက်ပုံရသည်။

"တခြားသူတွေနဲ့ အဆင်ပြေအောင် မနေဘူး! "

"ဇီဇာကြောင်! "

"ဘဝင်လေဟပ်! "

"တစ်ခါတလေ ဘာတွေ ပြောမှန်း မသိဘူး ! "

ဟု အမြဲရေရွတ်နေတတ်သော်လည်း Oh SeHunကို BaekHyun အမြဲဂရုစိုက်ပေးပါသည်။
အစပိုင်းတွင်တော့ BaekHyun...SeHun အကြောင်း ငြီးတွားတိုင်း ChanYeol နောက်ကျောမလုံသလို ခံစားရသည်။

အဘယ်ကြောင့်ဆို Oh SeHunကတောင် သူ့ထက်အနည်းငယ် လူမှုရေးပြေပြစ်သည်ကို သေချာပေါက်သိနေခြင်းကြောင့်ဖြစ်သည်။

ကြာလာတော့လည်း BaekHyun ...ChanYeolအကြောင်းပါ သိလာတော့သည်။

ChanYeolက 'သူနဲ့ သူငယ်ချင်းတော်ရတာ စိတ်မညစ်ဘူးလား? ' မေးတိုင်း 'လူတိုင်းက ပုံစံတစ်မျိုးဆီ ရှိတတ်ကြတာပဲ၊ မထူးဆန်းပါဘူး' ဟု အပြုံးနှင့် အမြဲဖြေသော BaekHyunကြောင့် ChanYeol ရင်ခုန်သံ တိုးရသည်။

တစ်ခါတလေ သူတို့ အပြင်ထွက်လည်လျှင် SeHun ပါလာတတ်သည်။ ထိုသို့အခြေအနေများတွင် SeHunရော ၊ သူရော မခေါ်လည်းမခေါ် ၊ မပြောလည်း မပြော၊ မနှုတ်ဆက်တတ်ကြသော်ငြား အနေခက်ရသည်တော့ မရှိ။ဒီအတိုင်းပင် မခင် ၊ မရင်းနှီးသော်ငြား သိနေကြသည့်ပုံမျိုးသာ ဖြစ်သည်။

Love Me ! If You Dare!Where stories live. Discover now