3 (Unicode)

298 43 1
                                    

BaekHyun ငြိမ်းချမ်းရေး ရနေသည်။

ကျောက်ပတ်တီး ဖြည်ပြီးသည်အထိ ပေါ်မလာသော Park ChanYeolကြောင့် ပို၍ပင် အပျော်တိုးရ၏။

ကျောက်ပတ်တီး ဖြည်ပြီးသည်နှင့် ချက်ချင်းလုပ်သည့် အလုပ်တစ်ခုက ညီတော်မောင် Oh SeHunအား ရှာပြီး နားရင်းသွားအုပ်ရန် ပြင်ခြင်းပင်။
သို့သော်ငြား အချစ်ရေးကံခေသူ အမောင် Oh SeHun၏ လေလျော့နေသော ပူဖောင်းလို လျော့ရဲရဲ မျက်နှာကြောင့် BaekHyunကပင် တစ်ဝိုင်းဒကာခံကာ တိုက်ခဲ့ရသေးသည်။

"ငါ့မှာ သူ့ကို အလောင်းဖျောက်ခွင့်ရမလား မှတ်ပါတယ် ! သူ့ မသာခန္ဓာကိုယ်ကြီးကိုပဲ ထမ်းပိုးပြီး အိမ်လိုက်ပို့ပေးရတာပဲ အဖတ်တင်တယ် ! "

BaekHyun ငြီးသည်။ တစ်လမ်းလုံး တက္ကစီပေါ်တွင်လည်း အော်ဟစ်ငိုယိုနေသော Oh SeHunအားလည်း အလိုက်သင့်ချော့ပေးနေခဲ့ရသည့်အတွက် လိုက်ရှာမိသည့် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရသည်။

အိမ်ပေါ်သို့ ထမ်းတင်ရသည်။ အိပ်ရာထဲအရောက်ထိ ဝန်ဆောင်မှု ပေးလိုက်ရသည်။ ညလည်း နက်သွားသည့်အတွက် Byun BaekHyun တို့ ဦးလေးအိမ်တွင်ပင် ညအိပ်ညတာ သောင်တင်ရ၏။

"အမလေး...ကျေးဇူးပါ BaekHyunရယ်။ ဒီကောင်လေး ဘာကြောင့် မူးပြဲနေအောင် သောက်လည်း မသိ ! နိုးလာမှ တွေ့ဦးမယ် "

SeHun အမေက ကြိမ်းနေသောကြောင့် BaekHyun သွားလေးဖြဲကာသာ ငြိမ်နားထောင်နေရသည်။

"ဒါနဲ့ BaekHyun ! ဒီနေ့မှ ကျောက်ပတ်တီးဖြေတာဆို ! သက်သာရဲ့လား? "

ဦးလေးတဖြစ်လဲ SeHun အဖေက မေး၏။

"ဟယ် ! အဲ့တာကို အရက်တွေ သောက်ကြတယ် ဟုတ်လား?! "

SeHunဖက်သို့ မျှားဦးလှည့်နေသော အဒေါ်ဖြစ်သူ၏ မိုင်းဗုံးက သူ့ဖက်ပါ လှည့်ချိန်လာသည်မို့ BaekHyun အချိန်ထပ်မဆွဲဘဲ SeHun အခန်းထဲ လှစ်ခနဲနေအောင် ပြေးတော့သည်။

"ဟဲ့! BaekHyun ဘယ်တက်ပြေးတာလဲ ? ဟဲ့ကောင်လေး! ညစာရော စားပြီးရဲ့လား?"

"စားပြီးပြီ အဒေါ်ရေ! "

အခန်းထဲဝင်ရင်း လော့ချပြီးသာ အော်ဖြေလိုက်တော့သည်။ မစားရသေးဘူး ဟု ဖြေကြည့်လိုက်ပါလား? ထမင်းအတင်းကျွေးရင်း ထပ်ဆူမည်။ သို့ပင်မက အမေ့ဆီသွားပြီး တိုင်ဦးမည်။ ထိုမှ တစ်ဆင့် အမေကပါ နားငြီးနေအောင် ထပ်ပွားမည်။ တော်ချေပြီ။ ဘာပင်ဖြစ်ဖြစ် အိပ်သည်သာ အကောင်းဆုံးဖြစ်သည်။

Love Me ! If You Dare!Where stories live. Discover now