5 (Unicode)

277 42 0
                                    

ChanYeol အိမ်ထဲသို့ ဝင်ရန် ပြင်နေသည့် ခြေထောက်များကို အပြင်သို့သာ ပြန်ဦးတည်လာခဲ့လိုက်သည်။

မွန်းကြပ်သည်! ...မွန်းကြပ်လွန်းသည် ! သူ အိမ်သို့ မပြန်ချင် ! ထိုအစား သူ တစ်နေရာရာတွင် သေသွားလျှင် ကောင်းဦးမည်ဟုသာ တွေးနေမိသည်။

အတွေးတို့ဖြင့်ပင် အသက်ရှူကြပ်လာသောကြောင့် ChanYeol အော်ဟစ်ကာပင် ပြေးထွက်လာတော့သည်။ နားထဲ၌ ကြားယောင်လာသော ဆူညံအော်ဟစ်မှုတွေ ၊ မျက်လုံးထဲ မြင်ယောင်လာသော ရုန်းရင်းဆန်ခတ်မှုတွေ.... အကုန်လုံးကို အိပ်မက်သာ ဖြစ်လိုက်ချင်သည်။ အရာအားလုံးကို အိပ်မက်သာ ဖြစ်လိုက်ချင်တော့သည်။

မျက်စိစုံမှိတ်ကာ ပြေးနေရင်း မခံမရပ်နိုင်အောင် မောဟိုက်လာမှသာ ChanYeol ခြေစုံရပ်အနားယူမိသည်။ သို့သော် ... ဘယ်နေရာ ရောက်နေမှန်း မသိ။ ဘေးဘီ ဝဲကြည့်တော့လည်း ထင်ထင်ရှားရှားရှိသည်ဆိုလို့ ထူးထူးဆန်းဆန်း ဆိုင်းဘုတ်ကြီးတစ်ခုသာ ထင်သာ မြင်သာ ရှိသည်။

ခဏ! သူ ထိုဆိုင်းဘုတ်ကြီးအား မြင်ဖူးသည်။

ကျောင်းဝတွင် ကပ်ထားသော

'စာမေးပွဲ မအောင်မှာ စိုးရိမ်နေသလား?
အချစ်ရေး ကံမကောင်းလို့ ဝမ်းနည်းနေသလား?
ရည်မှန်းချက်တွေ ပျောက်ဆုံးနေလို့ စိတ်ညစ်နေပါသလား?
အိမ်က မိသားစုနှင့် အဆင်မပြေလို့ စိတ်အားငယ်နေရပါသလား?

ဘာကြောင့်ပဲ စိတ်ဓာတ်ကျနေ ကျနေ ၊ ကျွန်တော်တို့ဆီ လာခဲ့ပါ။

ရင်ဖွင့်ခြင်းဟာ စိတ်ညစ်စရာများရဲ့ အကောင်းဆုံး ဆေးတစ်ခွက် ဆိုတာ သင်သတိရလိုက်ပါ '

ဟူသော အူကြောင်ကြောင် စာသားများပါရှိသော ထိုကျောင်းရှေ့ ဆိုင်းဘုတ်ကြီးနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။

ဤသို့ အူကြောင်ကြောင် စာသားများနှင့် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲယူထားသော်လည်း ထိုဆိုင်းဘုတ်မှာ စီးပွားရေးအကျိုးအမြတ်အတွက် လာထောင်ထားသော ဆိုင်းဘုတ်မဟုတ်။ ရိုးရိုးပရဟိတအဖွဲ့အစည်း တစ်ခုမှ လာထောင်ထားသော ကြော်ငြာဘုတ်ဖြစ်လေသည်။

Love Me ! If You Dare!Donde viven las historias. Descúbrelo ahora