မှန်သည်။ BaekHyun၏ သံသယများမှာ မလွဲ။
လွန်ခဲ့သော သုံးနာရီ...
BaekHyun အနာရှိန်ကြောင့် အိပ်မောကျနေစဉ်..."SeHunရာ...လုပ်ပါဦး BaekHyunလေးက ငါ့ကို ပိုမုန်းသွားတော့မယ် ထင်တယ် "
ဆံပင်များအား ဆွဲဆုတ်ကာ အရူးပေါက်နေသော Park ChanYeolအား ကြည့်၍ SeHun စုတ်သပ်မိသည်။ ဤ ယနေ့ SeHun...သူ့ကိစ္စနှင့် သူ စိတ်မကြည်ပါဘူး ဆိုကာမှ အစ်ကိုတော်က ကားတိုက်ခံရသည်။
ထိုသည်ကလည်း သူငယ်ချင်းကောင်း ယောက်ဖလောင်း Park ChanYeolကြောင့် !
"စိတ်ပူမနေစမ်းနဲ့ ! ဟိုကဖြင့် မင်းကို စိတ်ထဲတောင် ထားတာ မဟုတ်ဘူး "
ငိုချင်ငို ၊ ရယ်ချင် ရယ်။ အမှန်တိုင်းသာ ပြောပြလိုက်သည်။ မတတ်နိုင်...ဒိလောက် နှစ်ပေါက်အောင် လိုက်နေတာတောင် သူ့အစ်ကို BaekHyun အားနာသမှုနှင့် ပြန်မကြိုက်သည်ကို မပြောနှင့်။ Park ChanYeolဟူသော လူသည် လုံးဝကို ကြောင်တောင်တောင် စိတ်မနှံ့ရယ်။
"မဟုတ်ဘူးလေဟ။ မတူဘူးလေကွာ....
အခုက ငါ့ကားနဲ့ သူ့ကို တိုက်မိတာလေ! တော်ကြာ အဖြေပြန်မပေးလို့ BaekHyunလေးက ငါသူ့ကို သေကြောင်းကြံတယ် ထင်သွားရင် ဘယ်လိုလုပ်မလဲ? "လဒမှိုင် မှိုင်ကျကာ မျောက်ထက်ဆိုးအောင် ထိုင်နေသော Park ChanYeolအား ဖြစ်ချင်ရာ ဖြစ်ဆိုပြီး SeHun သက်ပြင်းချကာသာ ထွက်သွားတော့သည်။ ရေဘူးနှင့် အအေး ဝယ်ပြီး ပြန်လာချိန်တွင်တော့ Park ChanYeolမျက်နှာသည် နေလို ဝင်းပကာ တစ်တောလုံးက မှိုများ ရသည့်နှယ် ပျော်မြူးနေတော့သည်။
"ယောက်ဖရေ...ငါ အကြံရပြီဟ! "
'ယောက်ဖ' ဟူသော အခေါ်နှင့် 'အကြံ' ဟူသော စကားကြားလျှင် SeHun ကြက်သီး တဖြန်းဖြန်းထအောင်ပင် ကြောက်ပါသည်။ သို့သော်ငြား မျက်နှာကြောသည်ကား ငယ်ကတည်းက အကျင့်ပါနေသည့်မို့ မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်ကပင် လူရှိန်စရာ ဖြစ်သွား၏။
"ဟီး...ဟီး...မင်းတော့ ကူညီပေးမှ ရမှာနော် "
သုံးဆယ့်နှစ်ချောင်းသော သွားများဖြဲကာ အကြံဉာဏ်ကို ရှင်းပြသော Park ChanYeol၏ စကားအဆုံးတွင် SeHun တစ်ယောက် ကြက်သေသေသွား၏။
ESTÁS LEYENDO
Love Me ! If You Dare!
Fanfic"ဘာ?!!!" "ဟုတ်တယ်ဆို BaekHyun လေးရဲ့ " "ဟိုအကောင် ! Park ChanYeol ! ထပ်မလိုက်လာနဲ့နော် ! " " စိတ်ပူလို့ပါ BaekHyun လေးရဲ့ ! "