1 (Unicode)

719 58 0
                                    

"အား....ခေါင်းတွေ ကိုက်လိုက်တာ "

တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို ဝေဒနာမျိုးနှင့် BaekHyun တစ်ယောက်နိုးလာသည်။

"ဟာ....BaekHyunလေး သတိရပြီ ! BaekHyunလေး သတိရလာပြီ ! "

ဘေးနားက ဆူညံပွက်လောရိုက်နေသော အသံတို့ကြောင့် ပို၍ ခေါင်းထိုးကိုက်လာသလိုပင်။ မျက်လုံးကို မြန်မြန်ဆန်ဆန်ဖွင့်ကာ ဘေးက အရှုပ်ကောင်ကို ကြည့်လိုက်သည်။

"Park ChanYeol! မင်းရဲ့ ပါးစပ်ပေါက်ကို ပိတ်ထားစမ်း! "

ထိုအခါ စိုးရိမ်နေသော ပုံမှ အံ့အားသင့်သလို လက်ကို ပါးစပ်တွင် အုပ်ကာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ဝမ်းနည်းသောပုံ ဖြစ်သွားသော သူကောင်းသား Park ChanYeolအား စိတ်မရှည်သလို ကြည့်မိသည်။

ဘာတွေလဲ! ဘာ ဒရမ်မာ လာခင်းဦးမှာလဲ?

"BaekHyunလေး....BaekHyunလေး...အခုတော့ ရက်စက်ပြီပေါ့...၊ ဟင့် ရွှတ် ! အရင်ကတော့ ချစ်လှပါချည်ရဲ့ ကိုကို ဆို "

ဝမ်းနည်းပက်လက်နှင့် ကျက်သရေတုံးစွာ ငိုနေသော မျက်နှာကို မျက်နှာခဲလွှဲပစ် လုပ်ကာ စောင်ကို ခေါင်းမူးခြုံအိပ်မည့် BaekHyun အစီအစဉ်တွေ လေထဲမှာပင် ပျောက်ရှကုန်သည်။

ဘာရဲ့! ကိုကို?! ချစ်တယ် ?!

"ဟဲ့ကောင် Park ChanYeol! မင်းနဲ့ ငါနဲ့ ဘာဆိုင်သေးလို့ ငါက ချစ်တယ်တွေ ဘာတွေ ပြောရမှာလဲ? မင်း ရူးနေပြန်ပြီလား? "

ထိုအချိန်တွင်ပင် ခုဏကထက် နှစ်ဆပိုပြူးသော မျက်လုံးနှင့် ပါးစပ်ကို အံ့ဩသလို ပြန်အုပ်လိုက်သော Park ChanYeolကြောင့် BaekHyun မျက်မှောင်ကျုံ့ထားလိုက်သည်။

"မင်းနဲ့ ငါတဲ့! အမလေး... မင်းနဲ့ငါ တဲ့လား BaekHyunလေးရဲ့! အစကတော့ 'ကိုကိုနဲ့ ဘေဘီ'ဆို၊ မင်းနဲ့ငါ ဖြစ်ကုန်ပြီ....အမလေး ယောက်ဖ Oh SeHunရဲ့....။
ကယ်ပါဦးဟဲ့ !!!!! "

ထိုအချိန်မှပင် BaekHyun အခန်းထဲ ဝေ့ကြည့်တော့ ဘယ်အချိန်ထဲက ရောက်နေမှန်း မသိသူ၊ တစ်ဝမ်းကွဲ ညီတော် Oh SeHunလည်း ဒရမ်မာ ချိုးနေသည့် မြင်ကွင်းကား မျက်ကွယ်ပြုလျက် ဆိုဖာပေါ် ငုတ်တုပ်ထိုင်နေသည်။

Love Me ! If You Dare!Where stories live. Discover now