Jin မနေ့ကကိစ္စကိုအခဲမကျေ
သူ့ဘက်ကစပီး ခင်မင်မှုကိုတောင်းဆိုခဲ့တာကို
အငြင်းခံရတော့ အောင့်သက်သက် ဖြစ်တာတော့အမှန်
နေပါစေ နောက်တစ်ခါကစပီး အဲ့ကျွန်တွေနဲ့အရောမဝင်ဖို့ဘဲသူဆုံးဖြတ်လိုက်သည်Jin လေ့ကျင့်ကွင်းထဲကို yoongi ကသွားလေ့ကျင့်ဖို့ပြောထားသဖြင့် သူ စိတ်မပါဘဲရောက်လာသည်
သူရောက်တော့ သူ့ထက်အရင် ကွင်းထဲရောက်နေတဲ့ hope
သူမသိချင်ယောင်ဆောင်ကာ အသင့်ပါလာတဲ့ မြားကိုထုတ်ပီး
ပစ်မှတ်ကိုသာချိန်နေလိုက်သည်သူပစ်လွှတ်လိုက်တဲ့ မြှားလေး ဟာပစ်မှတ်ကိုတည့်တည့်မတ်မတ် မှန်သွားတော့ သူပျော်ရသည် အရင်ခေါက်တွေတုန်းကဆို ပစ်မှတ်နဲ့ ကပ်သီးလေးလွဲလွဲသွားတတ်သည်
Hope လည်းရှိနေတဲ့ အတွက် သူပစ်မှတ်ကိုမှန်အောင်ပစ်ပြချင်နေခဲ့တာ ခုမှန်သွားတော့ သူအရှက်မကွဲတော့ဘူးပေါ့Hope ကတော့ အသိအမှတ်ပြုရုံလောက်သာ သူ့ကိုတစ်ချက်ကြည့်လိုက်သည် ပီးတော့ ပုံမှန်အတိုင်းသူဘာသာ ပြန်လေ့ကျင်နေသည်
ခဏကြာ လေ့ကျင့်ကွင်းထဲ လူသားတစ်ချို့ရောက်လာသည်
လူသားလို့တော့ပြောလို့မရဘူးပေါ့ တစ်ဝက်စီမျိုးစပ်ခြင်းခံထားရတဲ့လူသားတွေပေါ့Jin ထိုသူတို့ကို တစ်ချက်ကြည့်ပီး ကိုယ့်အလုပ်ကိုပြန်လုပ်နေလိုက်သည်
Jin မြှားပစ်နေရင်းနဲ့ သူ့ဘေးနားတစ်ယောက်ယောက်လာရပ်သည်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်တော့
Jin- Arm Rum
Jin နာမည်ခေါ်လိုက်တော့ Arm Rum ကပြုံးလိုက်ကာ
Arm- မင်းလက်ရည်တွေတိုးတက်လာတာပဲ ပစ်မှတ်ကိုမှန်နေပီဆိုတော့
Arm Rumအဲ့တိုင်းပြောတော့ jin မျက်နှာပျက်သွားကာJin- ဘာလာလုပ်တာလဲ မင်း ကိုယ့်ဘာသာ လုပ်စရာရှိတာသွားလုပ်
Jin ပြောကာ လေးကြိုးဆွဲကာ ပစ်မယ်အလုပ် သူ့လက်ကိုလှမ်းကိုင်လိုက်တဲ့ Arm Rum ကြောင့်