Jin သေရမှာမကြောက်ပေ
တစ်နေ့ကြုံတွေ့ရမယ့်သေခြင်းတရားကို သူအရင်လိုကြောက်ရွံမနေချင်တော့
ဒါပေမဲ့ namjoon ကိုတော့ သူမသေစေချင်ပါ
အတင်းအဓမ္မ ဒီလောက ထဲကိုဆွဲခေါ်ခြင်းခံရပီး လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေလည်းပျောက်ဆုံးကာ ကျွန်အဖြစ်
နေထိုင်နေရတဲ့သူ့ကို သနားမိသည်Jin- namjoon
Jin သူ့နဲ့မလှမ်းမကမ်းမှာရှိနေတဲ့ NJ ကို လှမ်းခေါ်လိုက်သည်
Nj- ဘာဖြစ်လို့လဲ ကြိုးတုပ်ထားတဲ့လက်တွေနာနေတာလား
Jin ပြုံးလိုက်မိသည်
မြင်လား သူ့ကိုယ်သူတောင်သံကြိုးတွေနဲ့ခတ်ထားခံရပီးလှုပ်မရတာကို တခြားသူကိုစိတ်ပူနေသေးတယ်
Jin- မဟုတ်ပါဘူး ငါမင်းကိုတောင်းပန်မလို့
Nj မျက်ခုံးတို့်အသာချိုးကာ
Nj- တောင်းပန်မလို့
Jin ခေါင်းညိမ့်ကာ
Jin- မင်းကိုလွတ်အောင်လုပ်ပေးမယ်ဆိုပီးပြောခဲ့တဲ့ ငါ့ကတိ
မတည်နိုင်တဲ့အတွက်တောင်းပန်ပါတယ်Nj- ဘာတွေပြောနေတာလဲ အဲ့တာအတွက်တောင်းပန်စရာမလိုဘူး မကြာခင် ကျွန်တော်တို့လွတ်တော့မှာ အားတင်းထားပါ
Jin ခပ်ယဲ့ယဲ့လေးပြုံးကာ
သူကျိန်းသေပေါက်သေရမယ်ဆိုတာသူသိတယ်
Yoongi မသတ်လည်း သူသေရတော့မည်
သူသွေးမသောက်ရတာ တစ်ရက်ရှိသွားပြီ
အားလည်းမရှိတော့ချေ
Jin တို့စကားပြောနေစဉ် Yoongi တို့ဝင်လာကာ
Yoongi- ကြည့်ရတာအဆင်ပြေနေကြပုံပဲ သေရမှာမကြောက်တော့ဘူးလား Jin
Yoongi ခပ်စစ ပြောတော့ Jin မျက်နှာလေး အနည်းငယ်တင်းမာလျက်
Yoongi- Jin မင်းရဲ့ အချိန်က ပြည့်သွားပီ ငါတစ်ခါတည်းနှုတ်ဆက်ခဲ့မယ် နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ
ထိုအခါမှ Jin Yoongi မျက်နှာကိုစေ့စေ့ကြည့်ကာ
Jin- နောက်ဘဝ ဆိုတာများရှိခဲ့ရင် ငါမင်းနဲ့သွေးသားမတော်စပ်ပါရစေနဲ့လို့ပဲ ဆုတောင်းမယ် Yoongi
Jin ပြောကာ မျက်နှာကိုတစ်ဖက်ပြန်လွဲသွားသည်
Jin စကားကြောင့် Yoongi မျက်နှာပျက်သွားကာ
Yoongi- ငါ့ကိုအပြစ်မတင်နေနဲ့ ကိစ္စတွေ ဒီလိုဖြစ်အောင်မင်းပဲဖန်တီးခဲ့တာ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် Jin
Yoongi သူ့လူတစ်ချို့ကို မျက်စပစ်ပြလိုက်ပီး သူက အခန်းထဲမှထွက်သွားသည်
Yoongi ထွက်သွားမှ Jin စကားစကာ
Jin- Namjoon
Nj- မင်းမသေရဘူးနော် Jin
Jin- ငါမင်းကိုချစ်တယ်ဆိုတာ သိတယ်မလား
Nj- ဘာလို့အဲ့တာတွေလာပြောနေတာလဲ
Jin- ပီးတော့ မင်းနဲ့အပြင်မှာလွတ်လွတ်လပ်လပ်မနေရတဲ့အတွက်ငါ့ကိုယ်ငါ မကျေနပ်ဘူး
Namjoon ပါးပြင်မှာ မျက်ရည်အချို့နေရာယူလျက်
Jin- နောက်ဘဝမှာလည်း ငါမင်းနားမှာပဲနေချင်တယ်
Vampire တစ်ကောင်အဖြစ်မဟုတ်ဘဲရိုးရိုးလူသားတစ်ယောက်အနေနဲ့ပေါ့Jin လည်းပြောရင်းနဲ့ မျက်ရည်များကျလာကာ
Nj- Jin ငါမင်းကိုချစ်တယ်
Jin- ငါလည်းချစ်တယ်
သူတို့ပြောနေစဉ် Jin ခေါင်းပေါ်တည့်တည့်မှ ခေါင်မိုးဟာ တဖြည်းဖြည်းပွင့်လာသည်
ထိုအခြင်းအရာကို Jin ရော namjoon ပါသိသည်
Nj - မဖြစ်ဘူး အဲ့လိုမလုပ်ရဘူး
Jin- ငါသွားတော့မယ် နှုတ်ဆက်ပါတယ် Namjoon
Jin ပြောပီး မရှေးမနှောင်းမှာပင် ခေါင်းမိုးချပ်ကြီး အပြည့်ပွင့်သွားကာ အလင်းရောင်များ Jin ခန္ဓာပေါ်သို့ ကျရောက်ပီး
တဲ့အချိန်မှာတော့