Namjoon နဲ့ Jin အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်
စကားပြောနေစဉ်
Jk- Namjoon
ခေါ်သံကြောင့် Namjoon ကော Jin ပါနှစ်ယောက်သားပြိုင်တူ အပေါက်ကိုလှမ်းကြည့်လိုက်ကြသည်
Jin- ဦးဦး kook
Jungkook နဲ့ Taehyun နှစ်ယောက်စလုံး Jin အနား ဝင်ထိုင်လိုက်ကာ
Jk- Jin လေးကောရောက်နေတာလား
Jin- ဟုတ်တယ် ဦးဦးတို့ကကောဘယ်ကပြန်လာတာလဲ
Jk- တောထဲကလေ
Jin ခေါင်းလေးညိမ့်ကာ
Jungkook လည်း ဘေးမှာထိုင်နေတဲ့ Taehyun ကို မျက်စပစ်ပြလိုက်တော့ Taehyun ခေါင်းညိမ့်ပြလိုက်ကာ
Tae- Jin လေး
Jin- ဗျာ
Tae- ဦးနဲ့ လက်ရည်မစမ်းချင်ဘူးလား
Jin ပြုံးလိုက်ကာ
Jin- ကောင်းသားပဲ ဒီကြားထဲ တောကောင်မပစ်ရတော့လက်ရည်ကျချင်နေတာနဲ့ ဘာနဲ့ကစားမလဲ တုတ်နဲ့လား ဓားနဲ့လား
Tae- တုတ်နဲ့ပဲဆော့မယ် တော်ကြာ jin လေးခိုင်းမိနေဦးမယ်
Jin- ဦးဦး Taehyun က ကျွန်တော့်ကို အထင်သေးတာလား
Taehyun ရယ်လိုက်ကာ
Tae- မဟုတ်ပါဘူးဗျာ လာ ဟိုဘက်ကွင်းပြင်နားသွားဆော့မယ်
Taehyun လည်း Jin ကိုခေါ်သွားကာ ကွပ်ပျစ်နဲ့ ခပ်လှမ်းလှမ်းရောက်မှ Jungkook စကားစသည်
Jk- ငါ ဒီနေ့တောထဲမှာ ဘာတွေ့ခဲ့တယ်ထင်လဲ
Nj- မင်းပြောမှသိမှာပေါ့
Jungkook အသင့်ထုတ်လာတဲ့ အထုပ်ကိုဖြေလိုက်တော့
ယုန်တစ်ကောင်ထွက်လာသည်
Namjoon မျက်မှောင်ကျုံ့ကာ
Nj- ယုန်သွားပစ်တာကိုအထူးအဆန်းလုပ်နေတယ်မင်း
Jungkook စိတ်တိုကာ
Jk- စကားလေးလည်း ဆုံးအောင်နားထောင်ဦးလေ